ပါးလေးဖောင်းဖောင်းကစ်ကစ်လေးနဲ့ပရိသတ်တွေရဲ့ အသည်းနှလုံးထဲထိ နေရာယူထားသူကတော့ ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam လေးပါ။ သားလေးဟာ အသက်တစ်နှစ်ပြည့်ပြီဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့ သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေ ဒုနဲ့ဒေးရှိနေတာပါ။ သူ့ရဲ့လှုပ်ရှားမှုတိုင်းဟာလည်း မြင်ရသူတိုင်းကို အသည်းယားပြီးအချစ်တွေပိုပိုတိုးစေတာပါ။ 

Photo Credit- May Thu’s Facebook Account
Photo Credit- May Thu’s Facebook Account

သားလေးဟာ အခုမှာတော့ လမ်းစလျှောက်တတ်နေပါပြီ ။ မေမေနဲ့ဖေဖေကလည်း သားလေးရဲ့အဝေးမှာ ကျောင်းသွားတက်နေရသော်ကြောင့် Video Call လေးနဲ့သားလေးရဲ့ လှုပ်ရှားမှုလေးတွေကိုကြည့်ပြီး အလွမ်းသယ်နေရတာပါ။ ခေးလေးဟာလည်း မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိတဲ့အခါကလည်း သားလေးနဲ့အတူ ကြော်ငြာလေးတွေရိုက်ကူးမှုပြုလုပ်ခဲ့တာပါ ။ သားလေးဟာ မွေးကင်းစအရွယ်မှစပြီး တဖြည်းဖြည်းအရွယ်ရောက်လာပြီး တစ်နေ့ထက်တစ်နေ့ချစ်ဖို့ကောင်းလွန်းနေတာပါ။

Photo Credit- May Thu’s Facebook Account
Photo Credit- May Thu’s Facebook Account

အခုမှာတော့ Liam လေးရဲ့ကြော်ငြာရိုက်ကွင်းနောက်ကွယ်က အမှတ်တရဗီဒီယိုလေးတွေကို အဖွားဖြစ်သူ အန်တီမေသူရဲ့ အကောင့်တွင် ဝေမျှထားတာပါ။ ဖေဖေ၊မေမေတို့နဲ့အတူ ကြော်ငြာရိုက်ကူးရတာကြောင့် ပျော်ရွှင်နေတာပါ။ ပရိသတ်တွေအတွက် လီလီလုံးလေးရဲ့ ဗီဒီယိုလေးနဲ့ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - May Thu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။