အောက်တိုဘာလ ၁၃ ရက်နေ့ ဂျပန်နိုင်ငံတိုကျိုမြို့မှာထိုးသတ်မယ့် One Championship 100th Card ပြိုင်ပွဲကြီးကိုတော့ အားလုံးလည်း စိတ်ဝင်စားကြမယ်ထင်ပါတယ်။ အောင်လအန်ဆန်းရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲကြီးဖြစ်သလို အခြားချန်ပီယံများစွာရဲ့ အားပြိုင်မှုတွေလည်း များစွာပါဝင်နေကြောင်း သိရပါတယ်။အဆိုပါ ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့လောကမှ နာမည်ကြီးဖိုက်တာတစ်ဦးဖြစ်တဲ့ ဖိုးသော်လည်း ပါဝင်နေကြောင်း သိရပါတယ်။
အဆိုပါ ပြိုင်ပွဲကိုတော့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ယခင်ထိုးသတ်ဖူးတဲ့ နေရာမှာ ပြန်လည်ထိုးသတ်မှာဖြစ်ပြီး One Championship 100th Card ပြိုင်ပွဲကြီးကို ၁၊ ၂ ခွဲခြားထားကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲရဲ့ ဒုတိယပွဲမှာ ပွဲပေါင်း ၁၁ ပွဲပါရှိပြီး အောင်လအန်ဆန်းရဲ့ ပါကတော့ ခေါင်ပွဲကြီးပဲဖြစ်ပါတယ်။ ဒါအပြင် ပထမပြိုင်ပွဲကလည်း ပွဲကောင်းများစွာပါရှိနေကြောင်း သိရပါတယ်။
နာမည်ကြီး ဖိုက်တာများစွာနဲ့အတူ ဖိုးသော်ရဲ့ ပွဲကောင်းတစ်ပွဲလည်း ပါဝင်နေပြီး ပရိသတ်အချစ်တော် ဖိုးသော်ကတော့ ကိုရီးုယားဖိုက်တာတစ်ဦးဖြစ်တဲ့ Yoon Chang Min နဲ့ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ကိုရီးယားနိုင်ငံသားဖိုက်တာနဲ့ ထိုးသတ်ဖို့ပြင်ဆင်နေတဲ့ ဖိုးသော်ရဲ့ လက်တလောပုံရိပ်တွေနဲ့အတူ ပွဲစဉ်ပုံရိပ်ကို မျှဝေပေးလိုက်ပါတယ်။
Photos credit - Phoe thaw's fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။