သူမကတော့ အသက်၂၄နှစ်အရွယ်ရှိ Nguyen Thi Hai Yenအမည်ရကောင်မလေးပဲဖြစ်ပါတယ်။ သူမပန်းကန်ဆေးနေတဲ့ပုံကို မိခင်ဖြစ်သူကနေ အင်တာနက်မှာတင်ခဲ့ရာမှ လူသိများနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ အကြောင်းကတော့ သူမရဲ့အလှကြောင့်တင်မဟုတ်ပါဘူး၊ အလုပ်ကြိုးစားလွန်းတဲ့မိန်းကလေးဖြစ်တာကြောင့်လဲပါပါတယ်။

Nguyen ဟာ သူမရဲ့မိသားစုပိုင်စားသောက်ဆိုင်မှာ ကူလုပ်ပေးနေတာဖြစ်ပြီး ပန်းကန်ဆေးတာအပါအဝင် မီးဖိုချောင်နဲ့ အခြားသောနေရာတွေမှာလည်း ဝင်ရောက်ကူလုပ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင်သူမဟာ လက်ရှိမှာ နည်းပညာတက္ကသိုလ်တက်ရောက်နေသူတစ်ဦးဖြစ်ပြီး နိုင်ငံခြားကုမ္မဏီတစ်ခုမှာလည်း အလုပ်လုပ်နေသေးတယ်လို့ သိရပါတယ်။

Nguyen ရဲ့ပုံတွေဟာ ကိုရီးယားနဲ့တရုတ် အင်တာနက်အသုံးပြုသူတွေကြားမှာ နာမည်ကြီးလာခဲ့ပြီး အခုဆိုရင်တော့ Follower အတော်များများနဲ့ အင်တာနက်မှာ နာမည်ကြီးသူတစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။

Source : nextshark

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။