ပြောင်းလဲတိုးတက်လာတာနဲ့အညီ ရုပ်ရှင်လောကကလည်း ရှု့ထောင့်ပေါင်းစုံကနေ ကြိုးစားလာကြတာဖြစ်လို့ ပရိသတ်တွေကို မရိုးနိုင်တဲ့ဇာတ်လမ်းတွေနဲ့ တစ်မျိုးပြီးတစ်မျိုးဆွဲဆောင်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပရိသတ်တွေအကြိုက်တွေ့စေမယ့် "ကွီးတို့၏မာယာ"ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့မိတ်ဆက်ပေးလိုက်ပါရစေနော်။ကွီးတို့၏မာယာရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
ကွီးတို့၏မာယာ ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် ရဲအောင် ခန့်စည်သူ ရာဇာနေဝင်း အောင်မင်းခန့် ဗေလုဝ ဒိန်းဒေါင် မို့မို့မြင့်အောင် ထွန်းအိန္ဒြာဗိုလ် ခိုင်သင်းကြည် ကြည်လဲ့လဲ့ဦး သွန်းဆက် ဒေါ်နွဲ့နွဲ့စန်း ဝါဝါအောင် ငြိမ်းချမ်း တိမ်ညွန့် စိစိ မတူး ချစ်သဲစံ မိုးပွင့်ဖြူ ယုဝါနှင့် ဟာသသရုပ်ဆောင်များစွာပါဝင်ထားပြီး ပရိသတ်တွေအတွက် အသစ်အဆန်းလေးဖြစ်စေမယ့် မခိုင်လေး၊မမို့၊မခိုင်ကြီး တို့ရဲ့ ဖလန်းဖလန်းအိုင်တင်လေးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ပရိသတ်တွေ ကြည့်ဖူးနေကျ ဟာသဇာတ်လမ်းတွေနဲ့ကွဲထွက်ပြီး စာပွန်စာပေးချင်တဲ့ ကွီးတွေ၊စနိုက်ကျော်မယ့် မမတွေ ၊စပွန်စာရှာတဲ့ ခေးလေးတွေ နဲ့ ကွီးတို့ မမကြီးတို့ရဲ့ မဟာ့စူပါအရှုတ်တော်ပုံကြီးကို ပါးစပ်မစေ့နိုင်အောင် ရယ်ရယ်မောမောနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ပရိသတ်တွေက ဟာသအသစ်အဆန်းလေးကိုကြည့်ချင်တယ်ဆိုရင်တော့ အူတက်အောင်ရယ်ရမယ့် "ကွီးတို့၏မာယာ"ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ(၂၆)ရက်နေ့မှာ ပြသမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှု့လိုက်ကြရအောင်နော်။
Photo Credit:ကွီးတို့၏မာယာရုပ်ရှင်ဇာတ်ကားကြီး
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။