မင်းသမီးချောလေး မိုးယုစံကတော့ အနုပညာလောကမှာ မသိသူမရှိလောက်အောင် ကျော်ကြားအောင်မြင်နေတဲ့ ပြည်သူ့အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ ချောမောလှပတဲ့မျက်နှာလေးနဲ့အတူ သွယ်လျလှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့မိုးယုစံက တစ်ချိန်ကအလှမယ်တစ်ဦးအဖြစ် အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အနုပညာနဲ့ပတ်သက်ရင် တကယ်ကိုထူးချွန်လှတဲ့မိုးယုက နှင်းဆီအဖွဲ့မှာလည်း အငြိမ့်မင်းသမီးလေးတစ်ဦးအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။ 

Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB

လက်ရှိမှာတော့ မိုးယုစံက အသက်(၂) နှစ်ကျော်အရွယ်သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ကလေးမေမေဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်နေတဲ့ မိုးယုက ပွဲအခမ်းအနားလေးတွေ တက်ရောက်နေတာ ဖြစ်ပါတယ်။ အခုလည်း မိုးယုက ''Shwe FM" ရဲ့ (၁၀)နှစ်ပြည့်ပွဲအခမ်းအနားလေးကို တက်ရောက်လာခဲ့ပါတယ်။

Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB

မိုးယုစံက သူမချစ်ရတဲ့မောင်ချောလေးနဲ့လက်တွဲပြီး မောင်နှမနှစ်ယောက်အတူတူ ပွဲတက်လာခဲ့တာ ဖြစ်ပါတယ်။ ရွှေရောင်ဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့မိုးယုကတော့ တစ်သားမွေးတစ်သွေးလှဆိုသလိုပါပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးယုစံရဲ့ပွဲတက်အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Moe Yu San's FB

Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။