Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ရှမ်းယူနိုက် တက်အသင်းမှ ရခိုင်ယူနိုက်တက်အသင်းကို လေးဂိုးတစ်ဂိုးဖြင့် အနိုင်ယူကာ ရှုံးပွဲမရှိစံချိန်ဖြင့်ချန်ပီယံဆုဖလားရရှိခဲ့ပါတယ်။ရှမ်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တွင် အမှတ်ပေးဖလား တစ်ကြိမ် ရရှိထားဖူးပြီး ယခု ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံရရှိခြင်းဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Shan United FC 's facebook
photo credit : Myanmar National League 's facebook

ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် ရှုံးပွဲမရှိစံချိန်ဖြင့် ပထမဆုံး ချန်ပီယံဖြစ်ခဲ့သည့် အသင်းတစ်သင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းအတွက် ဆုကြေးငွေကျပ် သိန်း ၁၀၀၀ ကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် ချီးမြှင့်ခဲ့ပါတယ်။

photo credit : Shan United FC 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ရှုံးပွဲမရှိ စံချိန်သစ်နဲ့ အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့တဲ့ ရှုမ်းယူနိုက်တတ်အသင်းနဲ့ ရခိုင်ယူနိုက်တတ်တို့ရဲ့ ပွဲစဉ်မှာ လာရောက်အားပေးသူ ပရိသတ်စုစုပေါင်း ၃၄၇၅၅(သုံးသောင်းလေးထောင့် ခုနစ်ရာ ငါးဆယ့်ငါးဦး) အထိ ရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ ၂၀၁၉ ဘောလုံးရာသီရဲ့ ပရိသတ်အားပေးမှုအများဆုံး ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

source: Myanmar National League 's facebook

photo credit : Shan United FC 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။