ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားသူကတော့ မင်းသမီးလေး ပိုင်ဖြိုးသုပါ။ သူမဟာ ဝါသနာပါရာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရန်အတွက် ဆရာဝန်အလုပ်ကိုပါ စွန့်လွှတ်ထားသူတစ်ယောက်ပါ။ မကြာခင်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးရန် ပြင်ဆင်နေတာပါ။

Photo Credit - Paing Phyoe Thu's Facebook
Photo Credit - Paing Phyoe Thu's Facebook

ချစ်ခင်ပွန်း ဏကြီးနဲ့လည်း ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ဖန်တီးတည်ဆောက်ထားတာပါ။ တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမနဲ့ အနုပညာအလုပ်တွေကို အတူတကွလုပ်ကိုင်နေကြတာပါ။ မကြာခင်ကလည်း ခင်ပွန်းနဲ့အတူ မော်လ်ဒိုက်ကမ်းခြေကို အပန်းဖြေခရီးသွားရောက်လည်ပတ်ထားတာပါ။  

Photo Credit - Paing Phyoe Thu's Facebook
Photo Credit - Paing Phyoe Thu's Facebook

အခုမှာလည်း ပရိသတ်တွေ အားကျအောင် လုပ်လိုက်ပြန်ပါပြီ။ ဒါကတော့ အားလပ်ရက်လေးမှာ ချစ်ခင်ပွန်းအတွက် ကိုယ်တိုင်ကိုယ်ကျ ဟင်းတွေချက်ပြုတ်ပေးနေတာပါ။ ဒီပုံရိပ်လေးကိုတော့ သုသုရဲ့ Facebook myday လေးမှာ တင်ထားတာဖြစ်ပြီး " နားရက်မှာ ဦးရေခဲအတွက် ချက်ပေးဖြစ်တာလေး " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Paing Phyoe Thu's Facebook Myday 

Photo Credit - Paing Phyoe Thu's Facebook
Photo Credit - Paing Phyoe Thu's Facebook Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။