ပရိသတ်ကြီးရေ.. အနုပညာမျိုးဆက်သစ်လူငယ်တွေထဲမှာ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားသူကတော့ အကယ်ဒမီမင်းသားကြီး လွင်မိုးရဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါတယ်..။

အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ယွန်းဝတီလွင်မိုးကတော့ အနုပညာအလုပ်တွေကို လုပ်ဆောင်နေသလို ချစ်စရာကောင်းလွန်းတဲ့ သားလေး Liam လေးနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်..။

Photo Credit - May Thu IG
Photo Credit - Yunwaddy IG
Photo Credit - Yunwaddy IG

Liam လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ခေးလေးယွန်းဝတီလွင်မိုးရဲ့ သားသားလေး လွင်ထက်လေးကလည်း ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေ အသည်းကြွေနေရတဲ့ ပြည်သူ့အသည်းကျော်လေးဆိုလည်း မမှားပါဘူး..။

မေမေနဲ့ ဖိုးဖိုးဖွားဖွားတို့ကလည်း သားသားလေး Liam လေးရဲ့ ချစ်စဖွယ်လှုပ်ရှားမှုပုံရိပ်လေေးတွကို ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း Liam လေးတစ်ယောက် စာဖတ်နေတဲ့ ချစ်စဖွယ် ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေထားပါသေးတယ်..။

Photo Credit - Yunwaddy IG
Photo Credit - May Thu IG

ပါးပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ အသည်းယားစရာကောင်းလောက်အောင် အမြဲချစ်ဖို့ကောင်းနေတဲ့ Liam လေးကတော့ အခုတစ်ခါမှာလည်း စာရွက်ကို သေသေချာချာကြည့်ပြီး လူကြီးလေးတစ်ယောက်လို စာဖတ်နေတဲ့ ဗီဒီယိုဖိုင်လေးကလည်း ပရိသတ်တွေကို တကယ်ပဲ အချစ်ပိုစေမှာပါနော်..။

“သားသားစာဖတ်နေသည်..” ဆိုပြီး ဖိုးဖိုးလွင်မိုးက မြေးလေး Liam လေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်တာမို့ ပရိသတ်အားလုံးကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

Photo Credit - May Thu IG
Photo Credit - Yunwaddy IG

Photo Credit - Yunwaddy IG ၊ May Thu IG

Source - Lwin Moe’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။