အခုချိန်မှာအနုပညာအလုပ်တွေကိုမလုပ်ကိုင်တော့တဲ့ အာဘွိုင်းကတော့ ရှမ်းတိုင်းရင်းသူလေးမြတ်ရတနာကျော်နဲ့ နှစ်ကိုယ်တူဘဝလေးတည်ဆောက်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။မြတ်ရတနာကျော်နဲ့အာဘွိုင်းတို့က သမီးချောလေးတစ်ယောက်ကိုလည်းမွေးဖွားထားပြီး Scarlett လေးကလည်း ဖြူဖြူဖွေးဖွေးနဲ့ အရမ်းချစ်စရာကောင်းပါတယ်နော်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

မြတ်ရတနာကျော်တို့ဇနီးမောင်နှံကတော့ သမီးလေး Scarlett ကို လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးပြီး လှလှပပလေးကြီးပြင်းလာစေတာဖြစ်ပါတယ်။Scarlettလေးကလည်း မေမေ့ရဲ့အလှအပတွေကို အကုန်ယူထားတာကြောင့် မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ တွေ့မြင်တဲ့သူတိုင်းကချစ်ကြပါတယ်။အခုဆိုရင်လည်း မြတ်ရတနာကျော်တို့ ဇနီးမောင်နှံက သမီးလေးရဲ့ ၁နှစ်ပြည့်မွေးနေ့ပွဲလေးကို စည်ကားသိုက်မြိုက်စွာကျင်းပပေးခဲ့ပါတယ်နော်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

Scarlett လေးရဲ့၁နှစ်ပြည့်မွေးနေ့ပွဲလေးကို အနုပညာမောင်နှမတွေနဲ့ ဆွေမျိုးမိတ်ဆွေတွေက တက်ရောက်ကြပြီး တမူထူးခြားစွာနဲ့ Disney ကာတွန့်လေးတွေရဲ့ဇာတ်ကောင်အတိုင်းလည်း ပြင်ဆင်ထားကြပြီးပျော်ရွှင်စရာပွဲလေးတစ်ပွဲအဖြစ်ကျင်းပခဲ့ကြပါတယ်။အခုဆိုရင်တော့ Scarlett လေးက လက်ဆောင်ပေးတဲ့ပစ္စည်းတွေနားမှာထိုင်ပြီး အရမ်းပျော်ရွှင်ကာ ရယ်မောနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook
Photo Credit:Myat Yadanar Kyaw's Facebook

Photo Credit:Myat Yadanar Kyaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။