photo credit - TNC facebook

TNC Predator အသင်းအနေနဲ့ကတော့ TI 8 အပြီးမှာ liquid ကို TI 7 ရယူပေးနိုင်ခဲ့တဲ့ coach Heen ကိုခေါ်ယူပြီး အသင်းကိုပိုခိုင်မာအောင် တည်ဆောက်ခဲ့ပေမယ့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ DPC season တစ်လျှောက်လုံးမှာလည်း TNC အသင်းဟာ Asia pacific Predator League 2019 နဲ့ WESG တို့မှာသာ first place ရအောင်ယူနိုင်ခဲ့ပြီး အခြား major နဲ့ minor တွေမှာတော့ ထင်သလောက်လက်စွမ်း မပြနိုင်ခဲ့ပါဘူး။

Ti 9 ကိုယှဉ်ပြိုင်တဲ့အခါမှာဆိုရင်လည်း TNC အသင်းဟာ 9-12 place နဲ့သာအိမ်ပြန်ခဲ့ရတာ ဖြစ်ပြီး နည်းပြဖြစ်သူ Heen ကလည်း TI9 အပြီးမှာ အသင်းကထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။။

အဲ့ဒီနောက် အသင်းရဲ့ offlane player ဖြစ်သူ Kuku ကလည်း အသင်းကထွက်ခွာခဲ့ပြီလို့ ကြေညာခဲ့ပေမယ့် ရက်ပိုင်းအကြာမှာတော့ ဒါဟာ စနောက်မှုတစ်ခုဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ သို့ပေမယ့် ဒီနေ့မှာဆိုရင်တော့ TNC အသင်းအနေနဲ့ KuKu နဲ့ po 5 player ဖြစ်သူ eyyou တို့ဟာ အသင်းကနေ ထွက်ခွာသွားပြီလို့ တရားဝင်ကြေညာခဲ့သလို့ CEO ဖြစ်သူကိုယ်တိုင်ကလည်း KuKu နဲ့ eyyou တို့ကို ကျေးဇူးတင်စကားပြောကြားခဲ့တာတွေ့ရပါတယ်။

ဒီသတင်းကြေညာပြီး သိပ်မကြာခင်မှာဆိုရင်လည်း TNC အသင်းဟာ လစ်လပ်သွားတဲ့ offlane နဲ့ po 5 နေရာမှာ ကစားမယ့် player သစ် နှဦးကို ထပ်မံကြေညာခဲ့ပါတယ်။

သူတို့ရဲ့ကြေညာမှုအရတော့ offlane နေရာမှာတော့ kpii က ကစားသွားမှာဖြစ်ပြီး po5 နေရာမှာတော့ March ကကစားသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် TNC အသင်းရဲ့ လက်ရှိ roaster ကတော့

po1 - Gabbi

po2 - Armel

po3 – kpii

po4 – Tims

po5 - March တို့ပဲဖြစ်ပါတယ်။ TNC အသင်းအနေနဲ့လည်း လက်ရှိပြောင်းလဲလိုက်တဲ့ roaster နဲ့ ယခုလာမယ့် DPC season မှာ performance ကောင်းတွေပြသပြီး အောင်မြင်မှုတွေ သိမ်းပိုက်နိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

source - TNC Predator facebook

orginal link > https://www.facebook.com/TNCProTeamDota2/photos/a.840519056030409/2509743482441283/?type=3&theater

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။