လူငယ်ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော် အုပ်စိုးခန့်ကတော့ "ကိုယ့်ထိုက်နဲ့ကိုယ်ကံ" သီချင်းလေးကစတင်ပြီး နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။ အချစ်သီချင်းကောင်းကောင်းလေးတွေကို သီဆိုလေ့ရှိတဲ့ အုပ်စိုးခန့်ကတော့ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်လေးတစ်ဦးအဖြစ် အားပေးခြင်းခံနေရတာ ဖြစ်ပါတယ်။

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

အသက်ငယ်သေးပေးမယ့် ဂီတလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာရရှိပြီး အောင်မြင်စွာ ရပ်တည်နေတဲ့ အုပ်စိုးခန့်က သီချင်းတွေတော်တော်များများ ထွက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ "Shwe FM" ရဲ့ (၁၀) နှစ်ပြည့်အထိမ်းအမှတ် ဆုပေးပွဲကြီးမှာ အုပ်စိုးခန့်က ဆုချီးမြင့်ခြင်းခံခဲ့ရပါတယ်။ အုပ်စိုးခန့်က " The Number One " Album လေးနဲ့ မျက်နှာသစ်အနုပညာရှင်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

၂၀၁၉ခုနှစ်ရဲ့ New Comer Award (မျက်နှာသစ်အနုပညာရှင်) ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ အုပ်စိုးခန့်ကတော့ ကြည်နူးပီတိတွေနဲ့ ပျော်ရွှင်နေခဲ့တာ ဖြစ်ပါတယ်။ အခုလည်း အုပ်စိုးခန့်က သူရဲ့ပရိသတ်တွေအတွက် " ကွေကာတို့အတွက် (Shwe Fm New Comer Artist 2k19)" ဆိုပြီး ပုံလေးတွေကို တင်ပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Shwe FM ဆုပေးပွဲကြီးမှာ ဆုရရှိခဲ့တဲ့ အဆိုတော်အုပ်စိုးခန့်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:OakSoe Khant's FB

Photo Credit- Amazing Grace Photography

Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography
Photo Credit- Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။