ပရိသတ်တွေရဲ့ရင်ထဲမှာ ယနေ့တိုင်ထိထာဝရရှိနေတဲ့ မင်းသမီးချောနန္ဒာလှိုင်ဟာဆိုရင် ယနေ့ခေတ်မှာ အနုပညာအလုပ်တွေကိုရပ်နားလိုက်ပြီး စီးပွားရေး လူမှုရေးနဲ့ မိသားစုအရေးတွေကိုသာ အချိန်ပေးဂရုစိုက်နေတာဖြစ်ပါတယ်။နန္ဒာလှိုင်က အနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်း ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်ဘဲရှိနေတာကြောင့် ပရိသတ်တွေကလည်းအရင်လိုပဲအားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်နော်။

Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook

နန္ဒာလှိုင်ရဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကလည်း အရမ်းအားကျစရာကောင်းပြီး အရမ်းချစ်တတ်တဲ့ခင်ပွန်းနဲ့သမီးချောချောလေးတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့သမီးသုံးယောက်ကတော့ အမေနဲ့တူလို့အရမ်းချစ်စရာကောင်းကြပြီး ၀၀ကစ်ကစ်လေးတွေနဲ့အသည်းယားစရာလေးတွေပါနော်။သမီးချောတွေကလည်း ချစ်စရာကောင်းတဲ့အမူအရာလေးတွေလုပ်ပြတတ်လွန်းလို့ ပရိသတ်တွေကပါချစ်နေရတာပါ။

Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook

နန္ဒာလှိုင်ရဲ့ အငယ်ဆုံးသမီးလေးဖြစ်တဲ့ ဇေမဒီလှိုင်လေးကတော့ အငယ်ဆုံးလေးပီပီ တီတီတာတာနဲ့အရမ်းချစ်ဖို့ကောင်းတဲ့သူလေးပါ။စကားလေးတွေကလည်းအရမ်းတတ်ပြီး အလှအပလည်းကြိုက်လွန်းတဲ့ မဒီလေးကို ဖေဖေက"မဒီလေးရဲ့ညနေခင်း စတိုင်လ်"ဆိုပြီး ဆံပင်လေးကောက်အောင်လိပ်ထားတဲ့ ချစ်စရာမဒီလေးရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook

Photo Credit:Zay Thiha's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။