စက်တင်ဘာ ၁၈ရက်မှ ၂၂ရက် သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပမည့် AFC U-16 Championship 2020 ခြေစစ်ပွဲစဉ် အုပ်စု (K) အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၁၇ရက် က အင်းယားလိတ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ပွဲကြို သတင်းစာရှင်းလင်းပွဲကို အိမ်ရှင်မြန်မာ၊ ထိုင်း၊ တောင်ကိုရီးယား၊ တရုတ်တိုင်ပေ အသင်းများမှ နည်းပြချုပ်များက တက်ရောက်ခဲ့ကြပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာ ယူ၁၆ နည်းပြ ဦးမင်းသူကတော့" အဖွင့်ပွဲစဉ်အတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ဘောလုံးပွဲတစ်ပွဲ ဆိုတာ ဘာမဆိုဖြစ်နိုင်လို့ ရလဒ်ကတော့ ပွဲပြီးမှ သိနိုင်မှာပါ။ လက်ရှိကစားသမားတွေရဲ့ တိုးတက်မှုအပေါ် အားရ ကျေနပ်ပါတယ်။ ထိုင်းနဲ့ ကစားမယ့် အဖွင့်ပွဲဟာ ကြည့်ကောင်းမယ့် ပွဲတစ်ပွဲဖြစ်လာမှာပါ "ဆိုပြီး ပြောထားခဲ့ပါတယ်။တောင်ကိုရီးယား ယူ၁၆ နည်းပြ Mr. Choi Young Joonကတော့ " ကျွန်တော်တို့ အသင်းဟာ ပြင်ဆင်ချိန်လေးလကျော် ရရှိထားပါတယ်။ အုပ်စုတွင်းပွဲစဉ်အားလုံးကို အနိုင်ကစားပြီး အုပ်စုပထမနဲ့ ခြေစစ်ပွဲအောင်နိုင်ဖို့ မျှော်လင့်ထားပါတယ် "ဆိုပြီး ပြောထားပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

ထိုင်း ယူ၁၆ နည်းပြ Mr. Salvador Valero Garcia ကတော့ " မြန်မာနဲ့ကစားမယ့် ပွဲဦးထွက် ပွဲစဉ်က အရေးကြီးပါတယ်။ အိမ်ရှင်မြန်မာအသင်းဟာ အသင်းကောင်း တစ်သင်းဆိုတာ သိထားပါတယ်။ နည်းပြအသစ်လက်ထက်မှာ တိုးတက်မှုရှိလာပါတယ်။ ခက်ခဲမယ့် ပြိုင်ပွဲ တစ်ပွဲဖြစ်ပေမဲ့ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမှာပါ "ဆိုပြီး ပြောထားခဲ့ပါတယ်။တရုတ်တိုင်ပေ ယူ၁၆ မန်နေဂျာ Mr. Wu Chun Hsienကတော့ " အုပ်စုတွင်းမှာ ပါဝင်တဲ့ ပြိုင်ဘက်အသင်းတိုင်းက တောင့်တင်းမှုရှိပါတယ်။ ပြိုင်ဘက်အသင်းတွေ ဆီကနေ လေ့လာသင်ယူပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ " ဆိုပြီး ပြောထားခဲ့ပါတယ်။

source: MFF 's facebook

photo credit : MFF 's facebook
photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။