သွက်လက်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းခံထားရသူကတော့ သရုပ်ဆောင်နေခြည်ဦးပါ။ သူမဟာ Beauty Blogger မှတစ်ဆင့် အနုပညာလောကကို ဝင်ရောက်လာသူပါ။ သူမသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို အများအပြားရရှိထားတာပါ။  

လတ်တလောမှာတော့ သရုပ်ဆောင်မင်းသားချော ဒေါင်းနဲ့အတူ " ရိုဆယ်လာ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာပါ။ ချီချီဟာ အချိန်တိုအတွင်း အနုပညာလောကမှာ အောင်မြင်တဲ့လူတစ်ယောက်အဖြစ် ရပ်တည်နေတာပါ။ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။  

ဒါကတော့ Boxing ထိုးနေရင်းနဲ့ အမိုက်စား Challenge တစ်ခုကိုလုပ်ခဲ့တဲ့ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " #bottlecapchallenge မလုပ်လိုက်ရလို့

#boostpluschallenge လုပ်လိုက်တယ် " ဆိုပြီးရေးသားထားပြီး ဗီဒီယိုလေး တင်ထားတာပါ။ ပရိသတ်တွေအတွက် ချီချီရဲ့ Challenge ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Nay Chi Oo's Facebook Account

Photo Credit - Nay Chi Oo's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။