ချစ်စရာကောင်းတဲ့ သမီးလေး သွန်းမြတ်ကြယ်စင်ကတော့ လက်ရှိမှာ ကလေးသရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ "Little Miss Supranational Myanmar " သရဖူဆုကိုဆွတ်ခူးရရှိပြီး Mini Miss လေးအဖြစ်လူသိများအောင်မြင်တဲ့ သွန်းမြတ်ကြယ်စင်က အနုပညာလမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းနေပြီလည်း ဖြစ်ပါတယ်။

Photo Credit-Thoon Myat Kyal Sin's FB
Photo Credit-Thoon Myat Kyal Sin's FB
Photo Credit-Thoon Myat Kyal Sin's FB

သွန်းမြတ်ကြယ်စင်လေးက နေတိုး၊ မိုးဟေကိုတို့နဲ့အတူ "ကျွန်တော်ရဲ့သူ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ကလေးချစ်တတ်တဲ့ ဦးဦးနေတိုးနဲ့ တွေ့ဆုံခဲ့တဲ့ သွန်းမြတ်ကြယ်စင်လေးကတော့ နေတိုးနဲ့အတူ အမှတ်တရပုံလေးတွေကို မကြာခဏတင်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း သွန်းမြတ်ကြယ်စင်က နေတိုးရဲ့တိုက်အိမ်ကြီးကိုအလည်သွားပြီး နေတိုးရဲ့မိခင်ဖြစ်တဲ့ ဘွားလေးနဲ့အတူ တွေ့ဆုံခဲ့ပါတယ်။

Photo Credit-Thoon Myat Kyal Sin's FB
Photo Credit-Thoon Myat Kyal Sin's FB
Photo Credit-Thoon Myat Kyal Sin's FB

သွန်းမြတ်ကြယ်စင်က " ချစ်ဘွားလေး အိမ်ရောက် သမီးတို့ မောင်နှမနှစ်ယောက် " ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ သွန်းမြတ်ကြယ်စင်လေးကတော့ ဦးဦးနေတိုးရဲ့အိမ်ကို ခဏခဏအလည်သွားလေ့ရှိသလို ဘွားလေးနဲ့လည်း အရမ်းကိုရင်းနှီးချစ်ခင်နေပြီ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးရဲ့ခမ်းနားလှတဲ့အိမ်ကြီးဆီ အလည်သွားခဲ့တဲ့ သွန်းမြတ်ကြယ်စင်တို့မောင်နှမရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Thoon Myat Kyal Sin's FB 

Photo Credit-Thoon Myat Kyal Sin's FB
Photo Credit-Thoon Myat Kyal Sin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။