သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲထိဝင်ရောက်နေရာယူထားသူကတော့ အဆိုတော်ရဲလေးပါ။ သူဟာ သီချင်းများစွာကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုသူတစ်ယောက်ပါ။ ရဲလေးရဲ့ သီချင်းဟောင်းများဟာလည်း ယနေ့ထက်ထိ ပရိသတ်တွေကြားမှာ ရေပန်စားနေဆဲပါပဲ။ 

Photo Credit - Ye Tun Min's Facebook
Photo Credit - Ye Tun Min's Facebook
Photo Credit - Ye Tun Min's Facebook

သူဟာ ဂီတလောကမှာ အောင်မြင်မှုများစွာရရှိထားတဲ့ အဆိုတော်တစ်ယောက်ပါ။ မကြာခင်မှာလည်း နှင်းဆီအဖွဲ့သားများနဲ့ နှင်းဆီလှေဆိုတဲ့ ရန်ပုံငွေ အငြိမ့်ဖျော်ဖြေပွဲတွင် ပါဝင်မှာပါ။ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် Music Video များကိုလည်း မကြာခဏဝေမျှလေ့ရှိသူတစ်ယောက်ပါ။

Photo Credit - Ye Tun Min's Facebook
Photo Credit - Ye Tun Min's Facebook
Photo Credit - Ye Tun Min's Facebook

အခုတစ်ခေါက်မှာလည်း " ချစ်ချစ်တုံး " ဆိုတဲ့ Music Video အသစ်လေး ထွက်ရှိလာပါပြီ။ ဒီMusic Video လေးကိုတော့ ထူးထူးခြားခြားအနေနဲ့ ကြက်တောင်အားကစားမယ် သက်ထားသူဇာက ပါဝင်သရုပ်ဆောင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီ Music Video လေးကို သက်ထားသူဇာကိုချစ်တဲ့ပရိသတ်တွေရော၊ ရဲလေးကို အားပေးကြတဲ့ သူများအားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source - YLJK Entertainment's Facebook Page

Photo Credit - Ye Tun Min 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။