ယနေ့အချိန်ထိ အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေနဲ့ ရပ်တည်နေသူကတော့ သရုပ်ဆောင် ဖြိုးငွေစိုးပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့ဇနီး၊သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ရရှိပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။  

Photo Credit - Phyo Ngwe Soe's Facebook Account
Photo Credit - Phyo Ngwe Soe's Facebook Account
Photo Credit - Phyo Ngwe Soe's Facebook Account

ဖြိုးငွေစိုးဟာ ယနေ့ထက်ထိ မိန်းကလေးပရိသတ်များရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားဆဲပါ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှလေ့ရှိသူပါ။ အခုတစ်ခေါက်မှာလည်း ဗီဒီယိုလေးတစ်ခုကို တင်ထားတာပါ။  

Photo Credit - Zin Zin's Facebook Account
Photo Credit - Phyo Ngwe Soe's Facebook Account
Photo Credit - Zin Zin's Facebook Account

ဒါကတော့ ရဟတ်ယာဉ်ကြီးနဲ့ ရန်ကုန်တစ်မြို့လုံးကို ဝေဟင်ထက်ကနေ မိသားစုနဲ့အတူ လည်ပတ်ခဲ့ကြတဲ့ ဗီဒီယိုလေးပါ။ သားလေးကလည်း ရဟတ်ယာဉ်စီးရတဲ့အတွက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Phyo Ngwe Soe's Facebook Account

Photo Credit - Zin Zin's Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။