ပရိသတ်ကြည့်ရှုမှုအများဆုံးနဲ့ လတ်တလောမှာ အတော်လေးရေပန်းစားအောင်မြင်ခဲ့တဲ့ " နှင်းဆီ " ဇာတ်လမ်းတွဲလေးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၁၈) ရက်နေ့မှာတော့ "နှင်းဆီ" ဇာတ်လမ်းတွဲလေးရဲ့ ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပြီး ပရိသတ်တွေရဲ့ရင်ထဲထိရောက်စေခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Khay Sett Thwin's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Shin Mwe La's FB

အခုလည်း ဒီဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားချော ရှင်မွေလနဲ့ မင်းသမီးချော ဝေလာရီတို့က "နှင်းဆီ" ဇာတ်လမ်းတွဲလေးရဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ ဇော်နဲ့မော်တို့မောင်နှမအဖြစ် အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ သူတို့နှစ်ယောက်ကတော့ "နှင်းဆီ" ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Shin Mwe La's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Shin Mwe La's FB

ရှင်မွေလကတော့ " နှင်းဆီလေးရယ် ပါဝင်ထားတဲ့သရုပ်ဆောင်အနေနဲ့မဟုတ်ဘဲ ပရိတ်သတ်အနေနဲ့ပဲပြောပါရစေ ကျွန်တော်အရမ်းကိုကြိုက်တဲ့ ဇာတ်လမ်းတွဲလေးပါ မပြီးစေချင်သေးတာအမှန်ပါ ပြီးတော့ဇော်ဆိုတဲ့ကာရိုက်တာ အပေါ်မှာရော ကျွန်တော်တာဝန်ကျေရဲ့လားလို့ကျွန်တော်သိချင်မိတယ် ကျေးဇူးပြု၍ဝေဖန်ပေးကြပါနော်" ဆိုပြီးပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နှင်းဆီဇာတ်လမ်းတွဲလေးထဲက အနုပညာရှင်တွေရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Shin Mwe La's FB & Wai Lar Ri's FB 

Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Shin Mwe La's FB
Photo Credit-Wai Lar Ri's FB
Photo Credit-Shin Mwe La's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။