ကဲ... ပရိသတ်တို့ရေ... ဒီတစ်ခေါက်မှာတော့အရမ်းကို စိတ်ဝင်စားဖို့ကောင်းဖို့ကောင်းတဲ့ ရှေးခေတ်ယစ်ပူဇော်တာတွေနဲ့ပတ်သတ်ပြီး ပြောပြမှာပဲဖြစ်ပါတယ်နော်။ ဒီဓလေ့တွေဟာ လူသားတွေဖန်တီးထားခဲ့တဲ့ ဓလေ့ဆိုးတစ်ခုဆိုပေမယ့် မာယာလူမျိုးတွေတောင် ဒီလိုယစ်ပူဇော်တာတွေ စတေးပွဲတွေကို ပြုလုပ်ခဲ့ကြပါသေးတယ်။

Photo Source : Pngtree

(Sacrific) ယဇ်ပူဇော်ခြင်း နဲ့ပတ်သတ်လို့ တစ်ခုပြောစရာရှိပါတယ်။ရှေးခေတ်က လူတွေက သေခြင်းတရား ကို အလွန်ကြောက်ကြတယ်။ အထူးသဖြင့် အချိန်မတန်ခင်သေရမှာကိုပေါ့။ ဒီတော့ သူတို့ဟာသေခြင်းတရားကို ဖန်တီးတဲ့နတ်ဘုရားတွေကို ပါဝါအမြင့်ဆုံး ဖြစ်တဲ့ လူသားရဲ့ အသက်နဲ့ယဇ်ပူဇော်လေ့ရှိကြပါတယ်။မြေအောက် ယဇ်ပူဇော် တဲ့နေရာ တွေကို လည်း ငရဲသို့သွားရာလမ်းများလို့ ပြောလေ့ ရှိပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

Arabian legend လို့ခေါ်တဲ့ မိရိုးဖလာ ယုံကြည်မှုတွေဟာ သိပ္ပံပညာ ရှင်တွေအတွက် မထူးဆန်းပေမဲ့သမိုင်းပညာ ရှင်တွေ အတွက်တော့ အထူး လေ့လာစရာ ဒေသတွေဖြစ်ခဲ့ရပါတယ်။ အောက်ကပုံမှာမြင်ရတာကတော့ မာယာ လူမျိုးတွေရဲ့ ယဇ်ပူဇော် တဲ့နေရာ တစ်ခုဖြစ်ပြီး ဒီက ဝင်ရင် ငရဲ အထိရောက်တယ်လို့ မိရိုးဖလာ ယုံကြည်မှုတွေ ရှိခဲ့ကြပါတယ်။ သမိုင်းပညာရှင်တွေ အတွက်တော့ တကယ့်ကို လေ့လာစရာ နေရာတစ်ခုပါပဲနော်။။တစ်ချို့ဆို ရေ ငုတ်ပြီးတော့ စူးစမ်းလေ့လာကြပါသတဲ့။ ကဲ... ပရိသတ်တို့ရေ... ဒီလို လူလူချင်းစတေးခံတဲ့ ယစ်ပူဇော်ခြင်းတွေသာ အခုချိန်ထိရှိနေသေးမယ်ဆိုရင် ဘယ်လောက်တောင် ကြောက်ဖိုပကောင်းလိုက်လိမ့်မလဲ.....

Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။