ပန်းနုသွေးဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ ပရိသတ်တွေရဲ့ရင်ထဲကိုဝင်ရောက်လာခဲ့သူလေးကတော့ မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲလေးတွေ အများဆုံးရိုက်ကူးခဲ့တဲ့ မေမြင့်မိုရ်က ချိုသာယဉ်ကျေးတဲ့စကားပြောဟန်လေးတွေ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ယောက်ျားလေး၊မိန်းကလေးပရိသတ်တွေအားလုံးရဲ့ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB

သရုပ်ဆောင်ကောင်းတဲ့ မေမြင့်မိုရ်က ဇာတ်လမ်းတွဲလေးတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း လက်ခံရိုက်ကူးနေရတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ မကြာခင်မှာ ထုတ်လွှင့်ပြသတော့မယ့် " ပျောက်ဆုံးနေသော အမှန်တရား" ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာလည်း မေကပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အခုလည်း မေက ပရိသတ်တွေအတွက် သူမရဲ့ပုံအသစ်လေးတွေကို မျှဝေပေးထားပါတယ်။

Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB

မေမြင့်မိုရ်က " ဒယ်ဒီ & ကိုကြီး ကိုလေး (Bros for sale ) " ဆိုပြီး လူမင်း၊ ထူးအောင်၊ အောင်ရဲထိုက်တို့နဲ့ပုံလေးတွေကို တင်ထားသလို " မကြာမှီလာမည်နော် Coming Soon On Cinemas !" ဆိုပြီးလည်း မင်းသားချော အောင်ရဲလင်းနဲ့ပုံရိပ်လေးကို တင်ထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးတွေရဲ့အလယ်မှာ အဖြူရောင်ဝတ်စုံလေးနဲ့ အလှတွေပိုနေတဲ့မေမြင့်မိုရ်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-May Myint Mo's FB

Photo Credit-May Myint Mo's FB
Photo Credit-May Myint Mo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။