လိုက်ဖက်လွန်းတဲ့ ဇနီးမောင်နှံအဖြစ် ပရိသတ်တွေရဲ့သတ်မှတ်ခြင်းခံထားရသူတွေကတော့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဆယ်စုနှစ်တွေတိုင်အောင် အောင်မြင်မှုတွေများစွာနဲ့ ယနေ့ထိတိုင်ရပ်တည်နေကြတဲ့ ထိပ်တန်းအနုပညာရှင်တွေပါ။ ပါဝင်သရုပ်ဆောင်တဲ့ကာရိုက်တာတိုင်းကိုလည်း ပီပြင်စွာသရုပ်ဆောင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေရရှိပိုင်ဆိုင်ထားကြတာပါ။ 

Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page

အူဝဲတို့နှစ်ယောက်ဟာ အိမ်ထောင်သက်တမ်းခုနှစ်နှစ်ကျော်ပြီဖြစ်ပြီး သားနဲ့သမီးနဲ့အတူ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို တည်ဆောက်ထားကြတာပါ။ သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကိုဝေမျှလေ့ရှိတာပါ။ သူတို့နှစ်ယောက်လုံးဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကြော်ငြာရိုက်ကူးရန် ရောက်ရှိနေကြတာပါ။ 

Photo Credit- Eaindra Kyaw Zin’s Facebook Page
Photo Credit- Eaindra Kyaw Zin’s Facebook Page Myday
Photo Credit- Eaindra Kyaw Zin’s Facebook Page Myday

မနေ့ညကတော့ အူဝဲ ရဲ့ Facebook Page Myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ ယိုးဒယားမုန့်ဟင်းခါးကိုနှစ်ယောက်သားမြိန်ရေရှက်ရေစားသောက်နေကြတဲ့ဗီဒီယိုလေးပါ။ ဒီဗီဒီယိုလေးကို အူဝဲတို့ဇနီးမောင်နှံကိုချစ်ကြတဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source- Eaindra Kyaw Zin’s Facebook Page Myday

Photo Credit- Eaindra Kyaw Zin’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။