Photo Credit _ liquipedia

Invictus Gaming ( ) အသင်းကတော့ Ti 9 အပြီးမှာ Keen Gaming ကနေထွက်လာတဲ့ KaKa ကိုခေါ်ယူခဲ့ပြီပဲဖြစ်ပါတယ်။

IG အသင်းဟာ 2012 Ti 2 Champion ဖြစ်ခဲ့ဖူးပေမယ့် ယခုနှစ်တွေမှတော့ သူတို့အသင်းရဲ့ လက်ရည်ဟာ ထင်သလောက်မကောင်းနိုင်တော့ဘဲ အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

Ti 9 အပြီးမှာ ဆိုရင်လည်း လူစားရင်းအပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး လစ်လပ်နေတဲ့ Po 4 player နေရာအတွက် KaKa ကိုခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

KaKa ဟာဆိုရင်လည်း 2017 တုန်းက Newbee အသင်းနဲ့အတူ Ti 7 Grand Final ထိတက်ရောက်နိုင်ခဲ့ပေမယ့် Team Liquid ကိုရှုံးနိမ့်ခဲ့ပြီး champion ဆုကြီးနဲ့ လွဲချော်ခဲ့ရတာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ KaKa ဟာ Keen Gaming ကိုပြောင်းရွှေ့သွားခဲ့ပေမယ့် ရလာဒ်ကောင်းတွေမရရှိခဲ့တာကြောင့် 2019-9-14 ရက်နေ့မှာ ထွက်ခွာလာခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ KaKa ဟာ IG ကိုရောက်ရှိနေပြီဖြစ်ပြီး သူ့ရဲ့အသင်းသစ် roster ကတော့

Po 1 –zhizhizhi

Po 2 –Emo

Po 3 – JT

Po 4 –KaKa

Po 5 –Oli တို့ပဲဖြစ်ပါတယ်။

Source - Liquipedia

orginal Link > https://liquipedia.net/dota2/Kaka

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။