ပရိသတ်အခိုင်အမာရရှိထားတဲ့ ရုပ်ရှင်သရုပ်ဆောင် မိုးဟေကိုကတော့ ဇာတ်ကားပေါင်း မျိုးစုံ ဇာတ်ရုပ်မျိုးစုံ ကို သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။

မကြာမီရုံတင်ပြသတော့မယ့် “လူများကိုခြောက်လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိသည်” ရုပ်ရှင်ဇာတ်ကားကြီးက မိုးဟေကိုရဲ့ မိုးထုတ်လုပ်ရေးက ထွက်ရှိတဲ့ဇာတ်ကားဖြစ်ပါတယ်။

ကိုယ်တိုင်ထုတ်လုပ်တဲ့ ကားတိုင်းမှာ သရုပ်ဆောင်အဖြစ် မပါဝင်ဖြစ်တာက ဘာကြောင့်လဲဆိုတဲ့ အမေးကို မိုးဟေကိုက အခုလိုပြန်ဖြေခဲ့ပါတယ်။

“ကားတိုင်းတော့ သရုပ်မဆောင်ပါဘူး။ တစ်ခါတစ်လေပေါ့၊ မိုးကသရုပ်ဆောင်အလုပ်ကိုလျှော့ပြီးအခြားအပြင်အလုပ်ကိုလုပ်ချင်တဲ့အခါကျတော့ ဒီထုတ်လုပ်ရေးလုပ်လာတော့ ကိုယ်တိုင်မင်းသမီးကိုယ်တိုင် ပရိုဂျူဆာဆိုတာ လျှော့ပြီးတော့ အပြင်ကောင်မလေးတစ်ယောက်အနေနဲ့ပဲ လုပ်ပါတယ်။ မိုးထုတ်လုပ်ရေးကားတိုင်းမှာ မိုးပါဝင်သရုပ်ဆောင်နေမှာတော့မဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။

မိုးဟေကို ကိုယ်ချစ်တဲ့ပရိသတ်တွေရှိလား ။  

သတင်းအရင်းမြစ် Mim

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။