ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ အရွယ်နဲ့မလိုက်အောင် နုပျိုခန့်ညားလွန်းတဲ့ အမျိုးသားအနုပညာရှင်ကတော့ ဝါရင့်သရုပ်ဆောင်မင်းသားချော နိုင်နိုင်းပဲ ဖြစ်ပါတယ်..။

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ နိုင်နိုင်းကတော့ ချစ်စရာကောင်းလွန်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူပါ..။

Photo Credit - Actor 99’s Facebook
Photo Credit - Actor 99’s Facebook

ဆယ်စုနှစ်တွေမက ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ရရှိထားတဲ့ နိုင်နိုင်းကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်ကာ ဇာတ်ကားတွေရိုက်ကူးနေပြီး အခုတစ်ခါမှာလည်း ရိုက်ကွင်းပေါ်က အမိုက်စားပုံရိပ်လေးတွေ မျှဝေလိုက်ပြန်ပါတယ်..။

မင်းသားချောလေးခါရာ၊ မင်းသမီးချောလေးပိုးမမှီသာတို့နဲ့အတူ တွဲဖက်ထားတဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကို မျှဝေထားတာဖြစ်ပြီး အရွယ်နဲ့မလိုက်အောင် နုပျိုခန့်ညားနေတဲ့ နိုင်နိုင်းရဲ့ အမိုက်စားပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

Photo Credit - Actor 99’s Facebook
Photo Credit - Actor 99’s Facebook

ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း နိုင်နိုင်းက သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ “ရိုက်ကွင်းပေါ်မှ...လူငယ်များ...(ငယ်ချင်ယောင်ဆောင်ထားပါသည်)..” ဆိုပြီး ချစ်ပရိသတ်တွေကိုလည်း ရိုက်ကွင်းပုံရိပ်လေးတွေ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ အမိုက်စားဓာတ်ဖမ်းထားတဲ့ နိုင်နိုင်း၊ ခါရာနဲ့ ပိုးမမှီသာတို့ရဲ့ ရိုက်ကကွင်းအမှတ်တရပုံရိပ်လေေးတွကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Actor 99’s Facebook
Photo Credit - Actor 99’s Facebook

Photo Credit - Actor 99’s Facebook  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။