သက်မွန်မြင့်ကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီးများသာမကပဲ ကြော်ငြာရိုက်ကူးရေးတွေလည်း လုပ်နေရတာပါ။ သူမရဲ့အားလပ်ချိန်များတွင်လည်း သားနဲ့သမီးအတူ အချိန်ကုန်ဆုံးလေ့ရှိတာပါ။ သူမရဲ့မိသားစုဘဝလေးဟာလည်း ပရိသတ်တွေအားကျရလောက်အောင် ကြည်နူးစရာကောင်းတာပါ။ 

Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

လက်ရှိမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ဘာလာလာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသနေပါပြီ။ ချစ်သက်ဟာ ဒီဇာတ်ကားကြီးမှာ သရုပ်ဆောင် မြင့်မြတ် ၊ရဲလေး တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီနေ့မှာလည်း ဒီဇာတ်ကားကြီးမှာ ပါဝင်တဲ့သရုပ်ဆောင်တွေနဲ့အတူ ပရိသတ်တွေအား အမှတ်တရလက်မှတ်ရေးထိုးရန် သမ္မတရုပ်ရှင်ရုံကို ရောက်ရှိနေတာပါ။ 

Photo Credit- Thet Mon Myint’s Facebook Page Live
Photo Credit- Thet Mon Myint’s Facebook Page Live

ချစ်သက်ဟာ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် လက်မှတ်ရေးထိုးပွဲမကျင်းပမီ Live လေးလွှင့်ခဲ့တာပါ။ ဒီ Live လေးမှာ ဒါရိုက်တာကိုဇော်(အာရုဏ်ဦး) ၊ရဲလေး၊ ဟန်နီတို့နဲ့အတူ ရယ်စရာဟာသလေးတွေပြောပြီး ပွဲကျနေကြတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Thet Mon Myint’s Facebook Page

Photo Credit- Thet Mon Myint’s Facebook Page And Amazing Grace Photography 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။