မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ လက်ရှိမှာ အရမ်းကိုအောင်မြင်ကျော်ကြားနေတဲ့ မင်းသားတစ်လက်လို့ ဆိုနိုင်ပါတယ်။ အရပ်ရှည်ရှည်နဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်တစ်ယောက် ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပိုင်တံခွန်က ထိုင်းနိုင်ငံကို မကြာခဏသွားရောက်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye

မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်တွေ အများအပြားရရှိပြီး နာမည်ကြီးလူကြိုက်များနေတဲ့ ပိုင်တံခွန်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတာ တွေ့ရပါတယ်။ အခုလည်း ပိုင်တံခွန်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရဲ့ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံလိုက်ပြီပဲ ဖြစ်ပါတယ်။ထိုင်းနိုင်ငံ ပြည်ပခရီးသွားဈေးကွက် မြှင့်တင်ရေးအတွက် ပိုင်တံခွန်ကို သံတမန်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye

ဒါကြောင့် ပိုင်တံခွန်က '' I am so proud to be an ambassador of Myanmar Tourism '' ဆိုပြီး သူ့အနေနဲ့ အခုလိုခန့်အပ်ခြင်းခံလိုက်ရတဲ့အပေါ် ဂုဏ်ယူကြောင်း ပြောပြခဲ့ပါတယ်။ သံတမန်ခန့်အပ်ပွဲလေးမှာတော့ ပိုင်တံခွန်တစ်ယောက် အရမ်းကိုသန့်ပြန့်ခန့်ညားနေတာကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ပိုင်တံခွန်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source -Paing Takhon's FB

Photo Credit - Htet Paing Ye

Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။