ပရိသတ်တွေချစ်ရတဲ့ မင်းသမီးချောလေး မိုးယုစံကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ မိုးယုက ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီး ကောင်းသိင်္ခမိုးသူဆိုတဲ့သားလေးတစ်ယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ကလေးတစ်ယောက်မိခင်ဖြစ်တဲ့ မိုးယုက ယနေ့အချိန်အထိ အရွယ်တင်နုပျိုပြီး လှပနေဆဲလည်း ဖြစ်ပါတယ်။ 

Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB

လက်ရှိမှာတော့ မိုးယုက သားလေးကိုပြုစုစောင့်ရှောက်နေရတာကြောင့် အနုပညာအလုပ်တွေကို ရပ်နားခဲ့ပေမယ့် အခုတော့နောက်ပိုင်းမှာတော့ ကြော်ငြာလေးတွေ ပြန်လည်လက်ခံရိုက်ကူးလာပြီ ဖြစ်ပါတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ မိုးယုရဲ့သားချောလေး ကောင်းသိင်္ခမိုးသူကတော့ မနေ့ကပဲ အသက်နှစ်နှစ်နဲ့ တစ်လတိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB

သားလေးရဲ့မွေးနေ့မှာတော့ မိုးယုတို့မိသားစုလေးက လူစုံတက်စုံနဲ့ Family Dinner ပွဲလေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ မိုးယုကတော့ မိသားစုတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ Dinner ပွဲလေးမှာ ပါဝင်ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိုးယုစံတို့မိသားစုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Moe Yu San's FB 

Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB
Photo Credit -Moe Yu San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။