ပရိသတ်ကြီးရေ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့ ဥက္ကာမင်းမောင်ဟာဆိုရင် လက်ရှိမှာ အမေရိကန်ပြည်ထောင်စုမှာနေထိုင်နေတာပဲဖြစ်ပါတယ်။ဥက္ကာမင်းမောင်က အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတာ ၁၀နှစ်ကျော်ရှိနေပါပြီနော်။ဥက္ကမင်းမောင်ကတော့ တစ်ခါတစ်လေမြန်မာပြည်ကိုပြန်လာပြီး အနုပညာအလုပ်တွေလုပ်လေ့ရှိပါတယ်။

Photo Credit"Oakkar Min Maung's Page
Photo Credit"Oakkar Min Maung's Page
Photo Credit"Oakkar Min Maung's Page

ဥက္ကာမင်းမောင်ကို ချစ်ခင်အားပေးတဲ့ပရိသတ်တွေကတော့ အမေရိကန်မှာနေထိုင်နေလည်း အားပေးချစ်ခင်နေကြဆဲပဲဖြစ်ပါတယ်။ဥက္ကာမင်းမောင်ရဲ့အနုပညာခြေလှမ်းတွေကတော့ အလှမ်းကျဲနေပြီး အေးချမ်းစွာနဲ့ပဲ ချစ်ရတဲ့သူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပါ။ဥက္ကာမင်းမောင်က အခုဆိုရင် အသက်၃၄နှစ်အရွယ်ကိုရောက်ပြီဖြစ်လို့ မွေးနေ့လေးမှာကုသိုလ်တွေယူခဲ့ပါတယ်နော်။

Photo Credit"Oakkar Min Maung's Page
Photo Credit"Oakkar Min Maung's Page
Photo Credit"Oakkar Min Maung's Page

ဥက္ကာမင်းမောင်က"၃၄ နှစ်ပြည့် မွေးနေ့ အတွက်ကော, ဖေကြီးဘဝတပါးသို့ ကူးပြောင်းသွားတာ မကြာခင် ၃ နှစ် ပြည့်တော့မှာမို့ ဖေကြီး အတွက်ပါ ရည်စူးပြီး LA က Azusa မြန်မာဘုန်းကြီးကျောင်းမှာ ဒုလ္လဘရဟန်း ၅ ရက်တာဝတ်ခဲ့ပါတယ်..အလှူ နဲ့ သံဃာတော်များ ဆွမ်းကပ်ရန်အတွက် အစစအရာရာ ကူညီပေးသော ရဟန်းဒါယိကာ ညီပု နဲ့ ဒါယိကာမ Chrissy တို့ကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်.. Thank you Alex Lebosq and Graham Streeter for coming too."ဆိုပြီး ပုံရိပ်လေးတွေကိုမျှဝေလာပါတယ်နော်။

Photo Credit"Oakkar Min Maung's Page
Photo Credit"Oakkar Min Maung's Page
Photo Credit"Oakkar Min Maung's Page

Photo Credit"Oakkar Min Maung's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။