မီးတောင်ပေါက်လျင် ချော်ရည်ပူများ ထွက်ကျလာခြင်း နှင့်အတူ လျပ်စစ်မိုးကြိုးများကို တွေ့ရမည်မှာ ၁၀၀ ရာခိုင်နှုန်း ထွက်လာမှာ သေချာသလောက်ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုရင် မီးတောင်ပြာမှုံများထဲမှာ လျှပ်စစ် ဓာတ်ဖိုများပါဝင်ပြီး လေထဲတွင်ရှိတဲ့ လျပ်စစ်ဓာတ်မ အမှုန်များ ထိတွေ့ကာ လျပ်စစ် မိုးကြိုးများဖြစ်ပေါ်လာရခြင်းကြောင့် ပဲ ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

1986 ခုနှစ်တုန်းက ရုရှား ချာနိုဘိုင်း နူကလီးယား မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီး အာ့ဒီပတ်ဝန်းကျင်နားမှာရှိတဲ့ လူတွေကော အခြားသက်ရှိတွေပါ ထိခိုက်သေကြေ ပျက်စီးခဲ့ရပါတယ်။ အပင်တွေ သတ္တဝါတွေ ရေဒီယို သတ္တိကြွမှုကြောင့် သေဆုံး ခဲ့သော်လည်း ထိုရေဒီယို သတ္တိကြွမှုကို စားသုံးပြီး အသက်ရှင် နေနိုင်သည့် မှိုတစ်မျိုးရှိ နေတာကို ထူးဆန်းစွာတွေ့ရှိခဲ့ကြပါတယ်။ ဒီမှိုကို သိပ္ပံပညာရှင်တွေက (hungry fungi) ဆာလောင်နေသော မှိုတစ်မျိုးဟု အမည်ပေးထားပြီး သူ့ရဲ့ အရောင်အဆင်းကတော့ ပုံမှာမြင်ရတဲ့အတိုင်းပဲ ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

နောက်တစ်ခုကတော့ ဝင်ရိုးစွန်း ဒေသတွေမှာ Penitentes ရေခဲချွန်တွေရှိတာကို တွေ့နိုင်ပါတယ်။ဒီရေခဲချွန်တွေဟာ တောင်တွေ အပေါ်မှာ ဖြစ်ပေါ်လေ့ရှိတတ်ပြီး Penitentes တွေဟာ နေရောင် ထိမိလျင် အရည်မပျော် ဘဲ အငွေ့ပျံပြီး ပျောက်ကွယ်သွားတတ်ပါတယ်။ သိပ္ပံသဘောတရားအရ ဒီPenitentesတွေဟာ liquid state အရည်အခြေအနေ မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ ဒါ့အပြင် ထိုရေခဲအချွန်တွေဟာ နေလုံးရှိတဲ့ဖက်ကို ဦးတည်ပြီး အမြဲထိုးထွက်နေလေ့ရှိတာကို တွေ့ရပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။