ပရိသတ်ကြီးကို အခုတစ်ခေါက်မှာ ဖော်ပြပေးချင်တာကတော့ ဟောင်ကောင်မြို့မှာ တည်ရှိတဲ့ ထူးထူးဆန်းဆန်း ရွာလေးတစ်ရွာအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ So Lo Pun ရွာ ဆိုတာက ဟောင်ကောင်မြို့ ပြင် တစ်နေရာကရှေးခေတ် ရွာငယ်လေးတစ်ခုဖြစ်ပြီး ရွာလေးကို (compass is locked) ညွန်ပြမှုလွဲတဲ့ ရွာလေးလို့ နိုင်ငံခြားသားတွေက နာမည်ပေးထားကြပါတယ်။ အကြောင်းကတော့ ရွာထဲရောက်တာ နဲ့ သံလိုက်အိမ်မြှောင်တွေ အလုပ်မလုပ်တော့ လို့ပဲဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

ဒီရွာလေးရဲ့ သမိုင်းကြောင်းကတော့ ရွာလေးကို AD 872 က တည်ဆောက်ထား ခဲ့ပြီ 1980 ခုနှစ်မှာ လူတွေ စွန့်ခွာခဲ့ကြပါတယ်။ နယ်ခံတွေ ပြောပြတာကတော့ So Lo Pan ရွာသားတွေဟာ တစ်ခြားရွာ ရဲ့ မင်္ဂလာဆောင်တစ်ခုမှာ ဝိုင်းကူလုပ်ပေးဖို့ လှေဖြင့်အသွား လမ်းခုလတ်မှာ လှေနစ်မြုပ်ခဲ့ပြီး အကုန်သေကုန်ကြပါတယ်။ ရွာထဲက အိမ်တိုင်း ရွာသား တစ်ယောက်စီ သေဆုံး ခဲ့ကြပြီး ရွာလုံးကျွတ် အသုဘလုပ်ခဲ့ ကြရဖူးပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

1980 တွင်ရွာ လေးမှာ လူမနေကြတော့ပဲ ရွာလေးဟာ တိတ်ဆိတ်နေပြီး ညဆို တော်တော်လေးကြောက်ဖို့ ကောင်းပါတယ်။ ရွာကို လာရောက် လည်ပါတ်ကြတဲ့ ခရီးသွား တစ်ယောက်ဟာ ရေနစ်သေဆုံး ထားတဲ့ လူသေဝိညာဉ် နှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး နှလုံးသွေး ရပ်တန့် သေဆုံး ခဲ့ဖူးပေမဲ့ ခြောက်ခြားမှု အရသာခံစားလိုတဲ့ ခရီးသွားတွေကတော့ အန္ဒရာယ်များတဲ့ ရွာလေးကို စူးစမ်းလိုစိတ်နဲ့ သွားရောက် လည်ပါတ်နေကြတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒီနေရာလေးဟာ လာရောက်လည်ပတ်သူတွေနဲ့ ရှိလို့နေကြတာပဲ ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။