ကျိန်စာဆိုတာ တစ်စုံတစ်ယောက်ကို မကျေနပ်၍ ကျိန်ဆဲခြင်းဖြစ်စေ ၊ ဘေးအန္တရာယ်တစ်ခုခုကျရောက်ပါစေလို့တိုင်တည်တာပဲဖြစ်စေ၊ မိမိအလှုကို ဖျက်စီးခြင်းမပြုစေရန် အဟန့်အတားအနေဖြင့် ကျိန်စာများဆိုခဲ့ကြပါတယ်။ဒီတစ်ခါဖော်ပြပေးမှာတော့ ရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့ ထိတ်လန့်ဖွယ်ကျိန်စာတွေအကြောင်းပဲဖြစ်ပါတယ်။ ပထမဦးဆုံးဖော်ပြပေးချင်တာကတော့ အီဂျစ်ဘုရင် တူတန်ခမန်ရဲ့ ကျိန်စာအကြောင်းပဲဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ပြီး အချိန်တုန်းက ဗြိတိသျှရှေးဟောင်း သုတေသနအဖွဲ့ဟာ ဘုရင်လေး တူတန်ခမန်ရဲ့ ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး

Photo Credit : Pngtree
Photo Credit : Pngtree

ထိုမံမီရုပ်အလောင်းအား လန်ဒန်ပြတိုက်သို့ သယ်ယူလာခဲ့ပါတယ်။ ထိုသို့မသယ်ယူခင် ဘုရင် တူတန်ခမန်၏ အခေါင်းပေါ်မှာ “ ထာဝရလောကကြီးဠ် ငြိမ်းချမ်းစွာ လဲလျောင်း အိပ်စက်နေသော ငါဘုရင်အား နှောင့်ယှက်သူတိုင်း မြေ၊ရေ၊လေ၊မီး တို့၏အန္တရာယ်ကျရောက်၍ အသေဆိုးနှင့်သေစေသောဝ်” လို့အဓိပ္ပါယ်ရသည့် ကျိန်စာကိုရေးထိုးထားခဲ့ပါတယ်။အီဂျစ်ဘုရင် တူတန်ခမန် အုတ်ဂူ ကို ရှာဖွေတွေ့ရှိခဲ့သည့် တူးဖေါ်ရေး အဖွဲ့ခေါင်းဆောင် Howard နှင့်အဖွဲ့ဟာ ဘုရင်တူတန်ခမန် ခေါင်းတလား ကိုလေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Photo Credit : Pngtree

Howard ဟာ အီဂျစ်တွင် ၃၁ နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးနောက် ရွှေတွေနှင့် ပြုလုပ်ထားတဲ့ ဘုရင်တူတန်ခမန် ခေါင်းတလားကို အနောက်ဘက် ဘုရင့်သဲကုန်းရွာ တွင်ရှာဖွေတွေခဲ့ပြီး အင်္ဂလန်သို့ သယ်ယူသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုအခေါင်းတလား ထည့်ထားတဲ့ ဂူဗိမာန်ထဲ ဝင်တဲ့သူများဟာ ရှေးအီဂျစ်ဘုရင်တွေရဲ့ ကျိန်စာသင့်ခဲ့ပြီး ဂူထဲဝင်သူ အကုန်သေဆုံးခဲ့တယ်လို့ သမိုင်များတွင် ဖေါ်ပြထားခဲ့ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုပဲလား တစ်ကယ်ပဲ ကျိန်စာသင့်ခဲ့လားဆိုတာကတော့ ယနေ့အချိန်အထိ ဘယ်သူမှ ရေရေရာရာ အဖြေမပေးနိုင်ကြသေးပါဘူး ။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။