မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းဟာ ဖိလစ်ပိုင်နိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)အတွက် စခန်းသွင်းလေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။ စခန်းသွင်းလေ့ကျင့်တဲ့ ပထမဆုံးနေ့ဖြစ်သော (စက်တင်ဘာ ၂၃ ရက်) ညနေပိုင်းက ကြံ့ခိုင်မှုစစ်ဆေးသည့် လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ကြပါတယ်။

photo credit : MFF' s facebook
photo credit : MFF' s facebook
photo credit : MFF' s facebook

မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းနည်းပြချုပ် မစ္စတာပိုပေါ့ဗ်ဟာ အသက် ၂၂ နှစ်အထက် ကစားသမား (၅) ဦးအပါအဝင် ပဏာမ ကစားသမား ၄၀ ဦးစာရင်းကိုလည်း ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် အသင်းများအနေဖြင့် ယခုနှစ်တွင် အသက် ၂၂ နှစ်အထက် ကစားသမားနှစ်ဦး ထည့်သွင်းအသုံးပြုခွင့်ရှိသဖြင့် ပဏာမစာရင်းတွင် (၅) ဦး ထည့်သွင်းရွေးချယ် ထားခြင်းလည်းဖြစ်ပါတယ်။

photo credit : MFF' s facebook
photo credit : MFF' s facebook
photo credit : MFF' s facebook

အသင်းအနေဖြင့် လက်ရှိတွင် ကစားသမား အစုံအလင်ဖြင့် လေ့ကျင့်နိုင်ခြင်း မရှိသေးဘဲ ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက် အသင်းမှ ကစားသမားများမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲပြီးမှ လာရောက်ပူးပေါင်းနိုင်မည် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲကိုတော့ ယနေ့ စက်တင်ဘာလ ၂၄ရက်နေ့ညနေ၆နာရီမှာ စတင်ကစားကြမှာပဲ ဖြစ်ပါတယ်။

source: MFF' s facebook 

photo credit : MFF' s facebook
photo credit : MFF' s facebook
photo credit : MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။