ယနေ့ည စက်တင်ဘာ ၂၄ ရက် ညနေ ၆း၀၀ နာရီ အချိန်တွင် သုဝဏ္ဏကွင်း၌ ၂၀၁၉ ခုနှစ် ဘောလုံးရာသီ ကွင်းပိတ်ဖလားပွဲ ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းဆု ဗိုလ်လုပွဲကြီးကို ကစားကြမှာပဲဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲသို့ နှစ်ဖက်အသင်းနည်းပြချုပ်များ၊ ကစားသမားများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ပြီး အဆိုပါ အခမ်းအနားမှ နည်းပြချုပ်များ၊ ကစားသမားများ၏ ပြောစကားများအား ဖော်ပြပေးလိုက်ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ရှမ်းယူနိုက်တက်နည်းပြချုပ် ဦးအောင်နိုင်ကတော့ “ဖလားရဖို့အတွက် ဖိအားမရှိပါဘူး။ ပုံမှန်အနေအထားနဲ့ လွတ်လွတ်လပ်လပ်ပဲ ချန်ပီယံဆုရဖို့ ယှဉ်ပြိုင်သွားမှာပါ။ အသင်းပိုင်ရှင်တွေကလည်း ဆုရယူနိုင်ရမယ်ဆိုတဲ့ ပုံစံမျိုး ဖိအားပေးထားတာ မရှိပါဘူး။ ချန်ပီယံဆု ရခဲ့ရင်တော့ ပျော်တာပေါ့နော်။ ဖိအားပေးထားတာမျိုးတွေ မရှိပါဘူး။ ပျော်ပျော်ရွှင်ရွှင် ဖိအားကင်းကင်းနဲ့ ချန်ပီယံဆုရဖို့ ကြိုးစားသွားမယ်။ အဲဒီအတွက်လည်း အကောင်းဆုံးပြင်ဆင်ထားပါတယ်” ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit : MFF ' s facebook
photo credit : MFF ' s facebook

ရန်ကုန်ယူနိုက်တတ်နည်းပြကတော့ “အမှတ်ပေးပြိုင်ပွဲ လက်လွတ်လိုက်ရလို့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကို ရယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ ကစားသမားတွေကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးထားပါတယ်။ ကိုဆူကီမရှိတော့ပေမယ့် ကွင်းလယ်ပိုင်း အားနည်းသွားမယ်လို့ မယူပါဘူး။ လူငယ်ကစားသမားတွေ အကောင်းဆုံး အစားထိုး ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ နည်းပြနဲ့ ကစားသမား အပြန်အလှန် လေးစားယုံကြည်မှုနဲ့ လက်တွဲဆောင်ရွက်သွားမှာပါ။ အရေးကြီးတဲ့ ပွဲစဉ်ဖြစ်လို့ နှစ်သင်းစလုံးရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ရန်ကုန်အသင်းအနေနဲ့ နောက်ဆုံးဆုဖလား မျှော်လင့်ချက်ဖြစ်လို့ မိနစ် ၉၀ ပြည့် အကောင်းဆုံးယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်” ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit : MFF ' s facebook

ရှမ်းယူနိုက်တတ်ကစားသမား နန္ဒကျော်ကတော့ “ကစားသမားတွေအနေနဲ့ ဆုကြေးဘယ်လောက်ရမှ ကစားမယ်ဆိုတာမျိုး မရှိ မရှိပါဘူး။ အမှတ်ပေးပြိုင်ပွဲမှာလည်း ချန်ပီယံဆု ရယူနိုင်ခဲ့တယ်။ အခုလည်း ရှုံးထွက်ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့အတွက်ပဲ အာရုံစိုက် ကစားသွားမှာပါ။ အသင်းဥက္ကဌကလည်း ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရယူနိုင်ဖို့အတွက်ပဲ လောလောဆယ် အာရုံစိုက်ဖို့ပဲ ပြောထားတာပါ” ဆိုပြီး ပြောထားခဲ့ပါတယ်။  

photo credit :Shan United FC 's facebook

ရန်ကုန်ယူနိုက်တတ်ဂိုးသမား ကျော်ဇင်ထက်ကတော့ “ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တာ တွေကို အခုလက်ရှိမှာ မေ့ထားပါတယ်။ လောလောဆယ် လာမယ့် ဗိုလ်လုပွဲအတွက်ကိုပဲ အပြည့်အ၀ အာရုံစိုက်ထားတာပါ။ သုဝဏ္ဏကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် နှစ်သင်းစလုံးအတွက် အဆင်ပြေပါတယ်။ အမြဲတမ်း ပြိုင်ဘက်ကောင်းတွေ ဖြစ်နေတာကြောင့် အခုပွဲစဉ်က ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောထားခဲ့ပါတယ်။

source: MFF ' s facebook

photo credit :Yangon United Football Club 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။