ချစ်ပရိသတ်တို့ရေ.... ငွေရှိမှ အာဏာရှိမှ လူရာဝင်တဲ့ ခေတ်ကြီးမှာ အလွှာမျိုးစုံကလူတွေဟာ ပုံစံအမျိုးမျိုးနဲ့ ကိုယ်ပိုင်ဘဝတွေကို ဖြတ်သန်းကြပါတယ်နော်။ အိမ်ကြီးအိမ်ကောင်းတွေနဲ့ နေတဲ့ သူတွေလည်းရှိသလို သာမန်လူတန်းစားဘဝတွေနဲ့ နေ့ရက်တွေကို ဖြတ်သန်းကြသူတေါလည်းရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခုကတော့ပ သာမန်ဘဝတွေနဲ့ အိမ်မက်သာ မက်ခွင့်ရှိတဲ့ ခမ်းနားလှပတဲ့ အိမ်ကြီးတစ်လုံးအကြောင်းပဲဖြစ်ပါတယ်။

Photo Source : Pngtree

အပ်ဒေါင်းကောင့် (Updown Court) ဆိုတဲ့အိမ်ကြီးဟာ လန်ဒန်မြို့ကနေ ၂၅ မိုင်အကွာတွင်တည်ရှိပြီးတော့ ၁၉ ရာစုမှစတင်ကာ အင်္ဂလန်နိုင်ငံရဲ့ အရေးအကြီးဆုံးသော ပုဂ္ဂလိက လူနေအိမ်ကြီးတစ်လုံးဖြစ်ခဲ့ပါတယ်။ကြီးကြီးမားမားနဲ့ ထူးထူးခြားခြားတပ်ဆင်ထားတဲ့ သံတံခါးကြီး နှစ်ချပ်ရဲ့ နောက်မှာတော့ ခြံအတွင်းမှာရှိတဲ့ ကြီးမားလှပစွာတည်ဆောက်ထားတဲ့အိမ်ကြီးကိုမြင်ကြရမှာပဲဖြစ်ပါတယ်။ ဒီခြံကြီးနဲ့ အိမ်ကြီးကို ပေါင် ၈၅ သန်း (ဒေါ်လာသန်း ၁၅၀ကျော်) ဖြင့်ရောင်းချဖို့ ဈေးနှုန်းပါကပ်ထားခဲ့ပါသေးတယ်။

Photo Source: Pngtree

အိမ်ကြီးထဲမှာဆိုရင် အခန်းပေါင်း ၁၀၃ ခန်း၊ရေကူးကန် ငါးခု၊ ၂၄ ကာရက်ရွှေနဲ့ အုပ်ထားတဲ့ မှန်စီရွေချ ကြမ်းခင်းတို့ကိုတွေ့ မြင်နိုင်ပါတယ်။စကွပ်ချ် ကစားကွင်းတစ်ခုနဲ့ အတူဘိုးလင်းရုံတစ်ခု၊တင်းနစ်စ်ကွင်းတစ်ကွင်း၊လူ ၅၀ အတွက် ထိုင်ခုံတွေပါတဲ့ ရုပ်ရှင်ခန်းတစ်ခန်း၊ ကြွေပြားခင်းထားသော ကားမောင်းကွင်းတစ်ခုနဲ့ ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။မြေအောက်ကားရုံမှာတော့ လီမွန်ဆင်းကားရှစ်စီးစာရပ်နားနိုင်ပြီး အပ်ဒေါင်းကောင့်ရဲ့ အနီးဝန်းကျင်မှာဗြိတိန်ဘုရင်မကြီးရဲ့ဝင်ဆာရဲတိုက်နဲ့ အင်္ဂလိပ်လူမျိုး စန္ဒယားပညာရှင်အယ်လ်တန်ဂျွန်နေထိုင်တဲ့ အိမ်လည်းရှိပါသတဲ့နော်။ ကဲ... ပရိသတ်တို့ရေ... ဒီအိမ်ကြီးဟာ တကယ့်ဂန္တဝင်မြောက်ပြီး အဖိုးတန်လှတဲ့အိမ်ကြီးတစ်လုံးလို့ပြောရင် မှားမယ်မထင်ဘူးနော်....

Photo Source: Pngtree

Source : မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။