ပရိသတ်တို့ရေ... နေ့စဉ်နေ့တိုင်းမှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေဆိုတာဟာ နေရာအနှံ့မှာပါပဲနော်။ အဓိကကတော့ ဒေါသကို ရှေ့တန်းတင်တာတွေ ငါဆိုတဲ့ စိတ်ကို ဦးစားပေးလွန်းတာတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် အသက်ကို တန်ဖိုးမထားဘဲ သတ်ဖြတ်နေခဲ့ကြတာပဲဖြစ်ပါတယ်နော်။ ဒီတော့ ဒီလိုရာဇဝတ်မှုတွေကို အနည်းနဲ့အများလျော့ကျသွားအောင်တစ်ဖက်တစ်လမ်းကနေ ပညာပေးတဲ့အနေနဲ့ ဗိသုကာ အနုပညာရှင်တွေကလည်းရုပ်ထုကြီးတစ်ခုကို ဖန်တီးတည်ဆောက်ခဲ့ကြပါတယ်နော်။

Photo Source : သံ ဇဉ် မိုးဇတ်

အင်္ဂလန်နိုင်ငံဝေလပြည်နယ်မှာဆိုရင်ဓါးကိုင်ပြီး ရာဇဝတ်မှုကျူးလွန်တဲ့သူတွေနဲ့ ဓားရဲ့သားကောင် ဖြစ်ပြီး သေဆုံးရတဲ့သူတွေတာ်တော်များလာပါတယ်။ဒါကြောင့် Alfie Radlay ဆိုသူက ဓားတွေကို အလှုလိုက်ခံပြီး ဓားနတ်သမီးပုံဖန်တီးကာ ရာဇဝတ် မှုတွေ ရပ်တန့်အောင် ပညာပေးအနေနဲ့ လူပုံ အလည်မှာပြသဖို့ ကြံရွယ်ခဲ့ပါတယ်။ဓားနတ်သမီး မှာ ပါတဲ့ တစ်ချို့ ဓားတွေဟာ အမှန်တကယ် ရာဇဝတ်မှု သင့်ထားတဲ့ ဓားတွေဖြစ်တာကြောင့် လူပုံအလည်မှာ ဒီရုပ်ထုကြီးကို ပြသဖို့ အစိုးရကခွင့်မပြုပါဘူး။

Photo Source : သံ ဇဉ် မိုးဇတ်

ရန်ဖြစ်ရင်း ရုပ်တုက ဓားတွေကိုဆွဲသုံးပြီး ရာဇဝတ်မှု ထပ်မံ မဖြစ်ပွား စေဖို့ အစိုးရက လူပုံ အလည်မှာ ထားဖို့ ခွင့်မပြုတာဖြစ်နိုင်ပါတယ်။ဒီလက်ရာမြောက်သည် ရုပ်ထုကို၂ နှစ် ကြာအချိန်ပေးပြုလုပ်ခဲ့ရပါသည်။ရုပ်ထုသည် ၂၆ ပေရှည်ပြီး ဓား အချောင်း တစ်သိန်းပါဝင်သည်။ "Save a life, Surrender your knife." သင့်ရဲ့ ဓားကို စွန့်လွတ် ပြီး အသက်တစ်ခု ကိုကယ်တင်ပါ ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဒီရုပ်ထုကြီးကိုဖန်တီးထားခဲ့တာပါ။ ကဲ... ချစ်ပရိသတ်တို့ရေ... လောကမှာ သေတယ်ဆိုတာဟာအရမ်းလွယ်ပါတယ်နော်။ နာကျင်ရမယ်ဆိုပေမယ့် မျက်စိတစ်မှိတ်လေးနဲ့ သေပစ်လိုက်လို့ရပါတယ်။ တကယ်က လောကမှာရှင်သန်နိုင်ဖို့ပဲ ခက်ခဲလွန်းတာမို့ ကိုယ့်အသက်ကိုတန်ဖိုးထားတတ်ပြီး အကျိုးရှိအောင်အသုံးချနိုင်သူများဖြစ်ဖို့ကို ဆန္ဒပြုလိုက်ပါရစေနော် ။

Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။