ပရိသတ်တို့ရေ... လူတွေ နေထိုင်တဲ့ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတဲ့ အချို့ အကြောင်းအရာတွေဟာ သဘာဝဆိုတာထက်ကို လွန်ကဲပြီးတော့ အံ့အားသင့်စရာတွေကို ဆောင်ယူပေးလာတတ်ကြပါတယ် ။ ဒါတွေကို လူတွေကလက်လွတ်မခံပဲ မှတ်တမ်းမှတ်ရာတွေအဖြစ်နဲ့ သိမ်းဆည်းထားကြတဲ့ အတွက် အဖိုးလည်းတန်သလို နှောင်းလူတွေအတွက် ဗဟုသုတလည်းဖြစ်စေပါတယ်။ ကဲ... ဒီအရာတွေထဲက အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတစ်ချို့ကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်နော်။

(၁) အာကာသ ယာဉ်အပြင်ထွက်ကာ အာကာသ ယာဉ်အတွက် လိုအပ်တာတွေကို ပြင်ဆင်ပြီး ပြန်ဝင်လာသူတွေရဲ့ ဝတ်စုံပေါ်မှ အနံ့ဟာ သတ္တုပူ အနံ့ သို့မဟုတ် အကင် အနံ့ ရလေ့ ရှိတာကြောင့် အာကာသ အနံ့ ဟာ သတ္တုမီးကင်အနံ့ ရှိတယ်လို့သိရတယ်နော်။

Photo Source : သံ ဇဉ် မိုးဇတ်

(၂) အမေရိကန် နယူးယောက် Metropolitan ပြတိုက်မှာဆိုရင် အနုပညာ ပြကွက်တွေ ဓာတ်ပုံတွေကို များစွာ ပြသထားလျက်ရှိပါတယ်။ သို့သော် စစ်သား ၁၃ ယောက် ကိုယ့်ခေါင်း ကိုယ်ပြန်ကိုင်ထားတဲ့ 1910 ခုနှစ်က ဓာတ်ပုံ အကြောင်းကိုတော့ ဘယ်သူမှမသိပါဘူးလို့ဆိုပါတယ်။  

Photo Source : သံ ဇဉ် မိုးဇတ်

(၃) ၁၂ ရာစုမှာ King Arthur ဟာ စစ်တိုက်သတ်ဖြတ်တဲ့ အလုပ်ကို စွန့်လွတ်ပြီးတော့ သူတော်စင်တွေရဲ့ ကျင့်ဝတ် အတိုင်း ကျင့်ကြံအား ထုတ်မယ်လို့ ဆုံးဖြတ်ကာ သူရဲ့ လက်သုံးတော် ဓားကို ကျောက်တုံး ထဲကိုထိုးစိုက်ခဲ့ရာ ကျောက်တုံးကြီးဟာ ကိတ်မုန့် တုံး ပမာပျော့ပြောင်းပြီး သူရဲ့ဓားဟာလည်း စိုက်ဝင်သွားတယ်လို့ ဒဏ္ဍာရီတစ်ခုရှိခဲ့ပြီးတော့ ယနေ့ အချိန် အထိလည်း ကျောက်တုံးထဲမှာ စိုက်ဝင်နေတဲ့ ဓား တစ်လတ်ဟာ အီတလီမှာရှိလို့နေပါတယ်။" ယုံချင်မှယုံ ပါ"Montesiepi Chapel တွင် သွားရောက်ကြည့်ရှုလို့ရပါတယ်လို့လည်း ဆိုထားပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။