ပရိသတ်တို့ရေ... ဒီတစ်ခုကတော့ အရမ်းကို အံ့သြဖို့ကောင်းပြီး စိတ်ဝင်စားဖို့ကောင်းလွန်းလှတဲ့ အကြောင်းအရာတစ်ခု ဖြစ်တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါရစေ။ အဲ့ဒါကတော့ အပင်တစ်မျိုးရဲ့အကြောင်းပါ။ အပင်ဆိုတာထက် မှိုလို့ပြောရင်ပိုလို့တောင်မှန်ပါလိမ့်မယ်နော်။ ဒီမှိုဟာ ကမ္ဘာပေါ်မှာရှိတဲ့ အပြေးအမြန်ဆုံး သက်ရှိတွေထဲက တစ်ခုဆိုရင်လည်းမမှားပါဘူးနော်။ ကျွနု်ပ်တို့နေထိုင်တဲ့ကမ္ဘာပေါ်မှာ ဒီအမြန်ဆုံးသောသက်ရှိကိုရှာဖွေတွေ့ရှိနိုင်မယ့် နေရာဟာ ဘယ်သူမှထင်မှတ်မထားလောက်တဲ့ မြင်းချေးထဲမှာပဲဖြစ်ပါသတဲ့။

Photo Source : Pngtree

ကမ္ဘာ့အမြန်ဆုံး ကုန်းသတ္တဝါဖြစ်တဲ့ ချီတာကျားသစ်ဟာ တစ်နာရီ ၁၂၀ ကီလိုမီတာနှုန်းနဲ့ ပြေးနိုင်သလို ရေနေသတ္တဝါတစ်ကောင်ဖြစ်တဲ့ sailfishလို့ ခေါ်တဲ့ ငါးတစ်မျိုးဟာ တစ်နာရီ ၁၀၉ ကီလို မီတာ ၆၈ မိုင် နှုန်းကူးခတ်ကာပင်လယ်ပြင်အသားစားသတ္တဝါတွေရဲ့ ရန်ကနေ လွတ်အောင်ရှောင်ပြေးနိုင်စွမ်းရှိပါတယ်။ သို့သော်လည်း ယင်း တို့ရဲ့အမြန်နှုန်းဟာ ပိုင်လိုဘိုးလပ်စ် ခရစ်စတယ်လိုင်းနပ်စ် (Piloboluscrystallinus) ခေါ် မှိုတစ်မျိုးရဲ့ အမြန်နှုန်းကိုတော့မယှဉ်နိုင်ပါဘူးနော်။

Photo Source : Pngtree

ပိုင်လိုဘိုးလပ်စ်မှိုဟာ စတင်ရွေ့လျားတဲ့ မီလီမီတာအနည်းငယ်လေးအတွင်းမှာပဲ တစ်နာရီကို ၇၀ ကီလိုမီတာ(၄၅မိုင်)နှုန်းနဲ့ အရှိန်မြှင့်တင်နိုင်ပြီးတစ်စက္ကန့်ရဲ့ အပုံနှစ်သန်းပုံတစ်ပုံအတွင်းမှာ အမြန်နှုန်း သုညကနေ တစ်နာရီ ကို ၂၀ကီလိုမီတာအထိ တင်နိုင်စွမ်းရှိပါတယ်။ မြင်းချေးပုံထဲမှာနေထိုင်တဲ့ အဆိုပါမှိုတွေဟာ ဆက်လက်အသက်ရှင်နိုင်ရေးအတွက် ၎င်းတို့မှထုတ်လွှတ်တဲ့ မျိုးမှုန်များကို မြင်း ကဲ့သို့သော အခြားမြက်စားတိရစ္ဆာန်တစ်ကောင်ကောင်က စားသုံးမိစေဖို့ မြင်းချေးပုံကနေ အနည်းဆုံး နှစ်မီတာအဝေးသို့ရောက်အောင် ရွေ့လျားကြရပါတယ်။ ထိုအကွာအဝေးသို့ရောက်အောင် သူတို့ရဲ့ အလွန်တရာသေးငယ်လှတဲ့ အရွယ်အစားတွေနဲ့ ကြားခံလေထုကို အစွမ်းကုန် တွန်းကန်ရွေ့လျားကြရတဲ့ ပိုင်လိုဘိုးလပ်စ်မှိုတွေဟာ ကမ္ဘာ့အမြန်ဆုံး သက်ရှိတွေ ဖြစ်လာကြပါတယ်။ ကဲ... တကယ့်ကို အံ့သြဘနန်းပါပဲနော်။

Photo Source : Pngtree

Source : မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။