ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ "လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ဘယ်လိုဖန်တီးကြမလဲ" ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ ဆွေးနွေးအကြံပေးဖော်ပြသွားမှာဖြစ်ပါတယ်...။ မိတ်ဆွေ၊ အပေါင်းအသင်းတွေကို အချိန်ပေးဖို့လိုအပ်ကြောင်းနှင့် လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံမှုရရှိရေးအတွက် ပျော်ရွှင်စရာအချိန်လေးတွေ ဖန်တီးဖို့လိုအပ်ပါတယ်...။

photo credit pngtree

လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခရီးသွားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စားသောက်ဆိုင်သွားတာ၊ family ktv မှာ သီချင်းသွားဆိုတာပဲဖြစ်ဖြစ် လုပ်ပေးရမှာဖြစ်ပါတယ်...။ ထိုကဲ့သို့ ပြုလုပ်ဖို့အတွက် လစဉ်၊ လတိုင်း fan ငွေအနေနဲ့ တစ်ယောက်ချင်းစီရဲ့ လခထဲကနေ ပိုက်ဆံအနည်းငယ်ဖြတ်သွားပြီး စုထားချင်းဖြင့် သွားချင်၊ စားချင်တဲ့အခါမှာ ပြဿနာမတက်တော့ပါဖူး...။ မိသားစုစိတ်ဓာတ်နဲ့ ကိုယ်နာတယ်၊ သူနာတယ်မရှိပဲ ပျော်ရွှင်စရာအချိန်လေးတွေကို ဖန်တီးကြရမှာပါ...။

photo credit pngtree

တစ်လမှာ တစ်ပတ်ကြား၊ တစ်ခါလောက် မုန့်စားတာတို့၊ သီချင်းသွားဆိုတာတို့ ပြုလုပ်ခြင်းဖြင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်အဖုအထစ်ရှိတာလေးတွေ ပြေလျော့သွားပြီး လုပ်ငန်းဆောင်တာတွေကို စိတ်အားထက်သန်စွာ ရွှင်ရွှင်လန်းလန်းနဲ့ ပြန်လည်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်...။ တစ်နှစ်မှာ ၆လတစ်ခါလောက် ခရီးရှည်ထွက်ခြင်းဖြင့်လည်း ဒေသန္တရဆိုင်ရာ ဗဟုသုတတွေရရှိစေသလို၊ တစ်ယောက်အကြောင်းတစ်ယောက်သိပြီး လုပ်ဖော်ကိုင်ဖက်တွေကနေ တစ်ကယ့်ကို မိတ်ဆွေရင်းချာ မိသားစုဝင်တွေလိုဖြစ်လာစေမှာပါ...။ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆင်ပြေရင်ပြေသလို ပျော်ရွှင်စရာအချိန်လေးတွေ ဖန်တီးခြင်းဖြင့် သင်ရဲ့ အထီးကျန်တဲ့စိတ်ခံစားကိုလည်း ပပျောက်စေမှာဖြစ်ပြီး လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း အထောက်အကူပြုစေမှာဖြစ်ပါတယ်...။

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။