အနုပညာလောကနဲ့ အဆက်သွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ သရုပ်ဆောင် စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီးသမီးနှစ်ယောက်တောင်အရွယ်ရောက်နေပေမယ့် နုပျိိုလန်းဆန်းနေတုန်းပါပဲ။

စမိုင်းလ်ဟာ လက်တလောမှာတော့ သူမရဲ့ ၀ိတ်တက်လာတဲ့ ခန္ဓာကိုယ်ကို ၀ိတ်ချဖို့လိုနေတာမို့ Gym ကို အပြေးအလွွှားသွားပြီး ဆော့နေပြီလို့ သိရပါတယ်။

သွက်သွက်လက်လက်နေတတ်တဲ့ စမိုင်းလ်တစ်ယောက် ၀ိတ်ချစီမံကိန်းအတွက် အားကစားလိုက်စားသလို အစားလည်း လျှော့နေပါပြီလို့ သူမရဲ့ ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

စမိုင်းလ်ဟာ မကြာသေးမီရက်ပိုင်းက Together Festival ပွဲကို မိသားစုနဲ့အတူ အလန်းဆုံးဖက်ရှင်နဲ့လည်း သမီးနှစ်ယောက်နဲ့အပြိုင် ကဲခဲ့ပါသေးတယ်တဲ့။

ဒါ့ပြင် သူတို့မိသားစုဟာ မှော်ဘီက ဘုန်းကြီးကျောင်းမှာလည်း ရေတွင်းအလှုလုပ်ခဲ့တယ်လို့ သိရပါတယ်။  

သတင်းအရင်းမြစ် smile fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။