အမေရိကန် ဖလော်ရီဒါ Jacksonville မှာရှိတဲ့ School No.4ဟာ 1891 ခုနှစ်မှာ သစ်သားဖရိန်တွေနဲ့သာဆောက်လုပ်ထားပြီး1915 ခုနှစ်မှာ ဒေါ်လာ တစ်သန်း အကုန် အကျခံကာအုတ်တွေနဲ့ဆောက်လုပ်ခဲ့ပါတယ်။ 1950 ခုနှစ်မှာ ကျောင်းစာသင်ခန်းတွေကို အခန်း များသီးခြားထားဖို့ဒေါ်လာ250000 အကုန်အကျခံကာ ထပ်မံမွန်းမံတည်ဆောက်ခဲ့ပြန်ပါတယ်။1971 ခုနှစ်မှာ School No.4 ကို ကျောင်းသားတွေအတွက် စာသင်ကြားခွင့် မပေးတော့ဘဲ ကျောင်းကိုပိတ်ပစ်ခဲ့ရပါတယ်။ဒီလိုေ ငွကြေး ပမာဏ မြောက်များစွာ အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့ ကျောင်းကို ပိတ်ပစ်ခဲ့ရာကနေ စပြီး နှုတ်ရာဇဝင်များလည်း ပေါ်ပေါက်လာခဲ့ပါတော့တယ်။

Photo Source : သံ ဇဉ် မိုးဇတ်

Rumor လို့ခေါ်တဲ့ ကောလဟာလ တွေကတော့ ဒီကျောင်းကြီး မှာရှိတဲ့ လေကို အပူပေးတဲ့ ပြွန်ခေါင်းတွေ တပ်ဆင်ထားတဲ့ အပူပေး ဘွိုင်လာ မီးလောင်ခဲ့တာကြောင့်ကျောင်းတက်နေတဲ့ ကျောင်းသားဦးရေထက်ဝက် ခန့်မှာ သေဆုံးခဲ့ရပါသည်။ ကျောင်းသားလေးများရဲ့ဝိညာဉ်ဟာ ကျောင်း စာကို ဆက်လက်သင်ကြားလို့ မရအောင် အနှောက်အယှက် ပေးလာတာကြောင့် ဆရာ ဆရာမတွေ ဟာ ဒီကျာင်းမှာ စာမသင်ချင်လောက်အောင် စိတ်ပျက်စရာ များကြုံတွေ့ ခဲ့ရပါသည်။ ကျောင်းသားလေးတွေ ရဲ့ အော်ဟစ်ငိုယို အကူအညီတောင်းခံ နေသံများကို မကြာခဏ ကြုံတွေ့ရတာကြောင့် ကျောင်းစောင့်တွေပါ အလုပ်ထွက်သွားခဲ့ပြီး ညစောင့် မရှိတဲ့ကျောင်း ဖြစ်တာကြောင့် ကျောင်း ကိုပိတ်ခဲ့ရပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

နောက်ထပ် ကောလ ဟာလ တစ်ခုကတော့ (Principal) ကျောင်းအုပ်ကြီးဟာ အိပ်ငိုက်နေတဲ့ ကျောင်းသားတွေကို ရုံးခန်း ထဲကို ခေါ်ယူ အပြစ်ပေးလေ့ရှိပြီး တစ်ခါတစ်ရံ အပြစ်ပေးခံရတဲ့ ကျောင်းသားတွေဟာ ထူးဆန်းစွာ ပျောက်ဆုံးသွား တက်ကြပါတယ်။ ထို့အတူဘဲ ကျောင်းဆရာမ တွေဟာလည်း ဒီကျာင်းမှာ စာသင်နေရင်း မကြာခဏ ပျောက်ဆုံး နေတာကြောင့် ပြဿနာ ဖြစ်နေတဲ့ ဒီကျောင်း ကိုပိတ်ပစ် ခဲ့ပြီး နောက်ပိုင်း ကျောင်းရဲ့ မြေအောက်ခန်းထဲမှာ လူအရိုးစုများ မြောက်များစွာ တွေ့ခဲ့ကြရပါတယ်။ဒီလို ကောလဟာလတွေကတော့ School no.4ရဲ့ မကောင်းသတင်းတွေပဲ ဖြစ်ခဲ့ပါတယ်။အကြောင်းတစ်ခုခု ရှိလို့ ကျောင်းကို ပိတ်ပြစ် ခဲ့ရတာ မှန်သော်လည်း သတင်းအမှန် ကို မထုတ်ပြန် ခဲ့တာကြောင့် ပဟေဠိ ဆန်ဆန် သတင်းတွေ ထွက်ပေါ်နေတဲ့ ဒီSchool no.4ကိုသွားရောက်လည်ပတ်သူများရှိနေခဲ့ပါတယ်နော်။ 

Photo Source : သံ ဇဉ် မိုးဇတ်

Source :  သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။