ပရိသတ်တွေလဲ သိကြတဲ့အတိုင်း Clint မှာသားနှစ်ယောက်ရှိပါတယ်။ သူတို့ကတော့ Clude နဲ့ Granger တို့ပဲဖြစ်ပါတယ်။ စတာပါ....Clint ရဲ့တစ်ချိန်တစ်ခါက Skill တွေက ခုချိန်မှာ အဲ့ Hero နှစ်ယောက်စီကို ရောက်သွားတာကြောင့် ပြောပြရတာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ Clint တစ်ချက်တစ်ချက်ပစ်လိုက်တိုင်းမှာ သွေးတွေက မဟားတရာကြီး လျော့တက်သွားပါတယ်။ သူ့အတွက် Attack Speed ကတော့ သိပ်မလိုပါဘူး...Damage တွေပဲလိုတာပါ။ 

Photo Credit : Screenshot From Mobile Legends Game

Skill 1ကတော့ မီးခိုးဗုံးပစ်လိုက်မှာဖြစ်ပြီး အဲ့မီးခိုးကြားရောက်သူက နှေးစေမှာဖြစ်ပါတယ်။ Skill 2ကာ ရန်သူကို ထောက်ချောက်တစ်ခုနဲ့ ပစ်လိုက်တာဖြစ်ပြီး သူလဲအနောက်ကိုဆုတ်သွားကာ ထိတဲ့ရန်သူကိုလဲ နှေးစေပြီး Damage ထိစေပါတယ်။ Ulti ကတော့ ချိန်ထားတဲ့နေရာကို ဗုံးနဲ့ပစ်လိုက်တာဖြစ်ပြီး Damage ထိစေပါတယ်။ အဲ့ဗုံးဟာ ၁၀စက္ကန့်ကြာတိုင်း ပြန်ရမှာဖြစ်ပြီး ၅ကြိမ်ထိစုနိုင်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

Passive ကတော့ Skill တစ်ခုသုံးပြီးတိုင်း ကပ်လျက်ပစ်ချက်က Damage ပိုထိကာ Crutical ထနိုင်ပါတယ်။ Battle ဆိုင်ရင် Tank ရဲ့အနောက်မှာနေပြီး Skill တွေ အလှည့်ကျသုံးပြီး ထိုင်ပစ်နေပါ။ Skill တစ်ခုသုံးပြီးတိုင်း သူရဲ့ Passive ကရတဲ့အတွက် ရန်သူတွေကို ခဏလေးအတွင်းသတ်ပစ်နိုင်ပါတယ်။ Emblem နဲ့ Item ကိုတော့ Global 1 ဆိကနေ ဖော်ပြပေးလိုက်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။