မြန်မာဂုဏ်ဆောင် သက်ထားသူဇာကတော့ နိုင်ငံတကာအောင်မြင်မှုတွေ ရရှိနေတဲ့ ကြက်တောင် အားကစားမယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မြန်မာဂုဏ်ဆောင် သက်ထားသူဇာကတော့ မြန်မာပြည်သူတွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေပြီး ယခုမှာတော့ သူမဟာ မြန်မာယူနီကုဒ် စံစနစ်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် သံတမန်အဖြစ် ခန့်အပ်ခြင်းခံရပါတယ်။

photo credit : THET HTAR Thuzar 's facebook
photo credit : THET HTAR Thuzar 's facebook

သူမကတော့ မြန်မာ Unicode စံစနစ် ကူးပြောင်းရေးအတွက် သံတမန်တစ်‌ယာက် ဖြစ်ရတာအများကြီး ဂုဏ်ယူပါတယ်။ညီမလည်း ယူနီကုတ်ပဲ ရေးတော့မယ်။ အစပိုင်းတော့ နည်းနည်းခတ်တယ် အခုတော့ ရေးရတာ Laptop မှာရော ဖုန်းမှာပါ အဆင်‌ပြေသွားပြီ။ Gboard မှာဆိုအသံနဲ့စာရိုက်လို့ရတယ် တခါတလေမှားတာ‌တွေက ရယ်ရတယ်။

photo credit : THET HTAR Thuzar 's facebook
photo credit : THET HTAR Thuzar 's facebook
photo credit : THET HTAR Thuzar 's facebook

" ယူနီကုဒ်က စံသတ်မှတ်ချက်ဖြစ်ပြီး အစိုးရနဲ့ချိတ်ဆက်တဲ့နေရာတွေမှာ တရားဝင် eGovernment system တွေမှာ သုံးနေကြပါပြီ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ယူနီကုတ် သုံးကြဖို့ လိုတယ်လို့ပြောလို့ပါပြီ။ ဒါပဲနော် ဇော်ဂျီမှဇော်ဂျီပဲဆိုပြီး တစ်နိုင်ငံလုံးနဲ့ဆန့်ကျင်ရင် တစ်ယောက်တည်း ကျန်ခဲ့မှာ။ အားလုံးစည်းစည်းလုံးလုံးနဲ့ အတူတူယူနီကုဒ်သုံးကြပါစို့ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

source:  THET HTAR Thuzar 's facebook 

photo credit : THET HTAR Thuzar 's facebook
photo credit : THET HTAR Thuzar 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။