ရခိုင်ပြည်နယ် ကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ် ကလပ် ရခိုင်ယူနိုက်တက် အသင်း၏ အသင်း ပိုင်ရှင် ဦးဇော်မင်းသိန်းနှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်တို့ အဖွဲ့ဟာ လာမည့် အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပပြုလုပ်သွားမည့် MFF-MPT Grassroots Football Festival 2019 နှင့် MPT U-14 Football Tournament 2019 များ အပါအဝင် မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့မှ ဦးစီး အကောင်အထည်ဖော် သွားမည့် လူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား သွားရောက် တွေ့ဆုံ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

မြန်မာနေရှင်နယ်လိဂ် အနေဖြင့် အဓိက မိတ်ဖက် MPT နှင့် လက်တွဲကာ နိုင်ငံတစ်ဝှမ်းတွင် လူငယ်ဘောလုံး ပွဲတော်များနှင့် အသက် ၁၄ နှစ်အောက် လူငယ် ဘောလုံး ပြိုင်ပွဲများကို ကျင်းပပေးလျှက် ရှိရာ လာမည့် အောက်တိုဘာလ အတွင်းတွင် MFF-MPT Grassroots Coaching Course ကို ဖွင့်လှစ်သွားမည် ဖြစ်ပြီး MFF-MPT Grassroots Football Festival 2019 နှင့် MPT U-14 Football Tournament 2019 များကိုလည်း စစ်တွေမြို့တွင် ကျင်းပသွားမည် ဖြစ်ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့ လက်တွဲ လုပ်ဆောင်သွားမည့် လူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ

18-10-2019 Grassroots Coaching

19-10-2019 Grassroots Coaching

20-10-2019, 3:30pm

MFF-MPT Grassroots Football Festival 2019

21-10-2019 to 29-10-2019

MPT U-14 Football Tournament 2019 တို့ဖြစ်ပါတယ်။

source: Myanmar National League ' s facebook 

photo credit : Myanmar National League ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။