အောက်တိုဘာလ အတွင်း ကျင်းပပြုလုပ်သွားမည့် ရခိုင်ပြည်နယ် အဆင့် MFF-MPT Grassroots Football Festival 2019 နှင့် MPT U-14 Football Tournament 2019 များအတွက် ပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိနေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဝေသာလီ ဘောလုံးကွင်းသို့ သွားရောက် ကြည့်ရူခဲ့ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

ရခိုင်ယူနိုက်တက် အသင်းပိုင်ရှင် ဦးဇော်မင်းသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့က စစ်တွေမြို့ရှိ ဝေသာလီ ဘောလုံးကွင်းသို့ သွားရောက်စစ်ဆေးခဲ့ပြီး ပြုပြင်ပေးရန် လိုအပ်နေသေးသည်များကို အကြံပြု မှာကြားခဲ့ပါတယ်။

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

စစ်တွေမြို့ရှိ ဝေသာလီ ဘောလုံးကွင်းမှာ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း ရခိုင်ယူနိုက်တက် အသင်း၏ အိမ်ကွင်း အဖြစ် အသုံးပြုလျှက် ရှိပြီး အသင်းမှ ငွေကြေးမြောက်များစွာ သုံးစွဲကာ ပြုပြင် ထိန်းသိမ်းထားသည့် ကွင်းတစ်ကွင်း ဖြစ်သော်လည်း မကြာမီ ကျင်းပသွားမည့် MFF-MPT Grassroots Football Festival 2019 နှင့် MPT U-14 Football Tournament 2019 ပြိုင်ပွဲများ အပြင် ခရိုင်အဆင့်နှင့် ပြည်နယ်အဆင့် အားကစား ပြိုင်ပွဲများ အပြင် ကျောင်းပေါင်းစုံ အားကစား ပွဲများကိုပါ အခါအားလျော်စွာလက်ခံကျင်းပပေးလျှက် ရှိသည့် ကွင်းတစ်ကွင်း ဖြစ်ပါတယ်။

source: Myanmar National League ' s facebook 

photo credit : Myanmar National League ' s facebook
photo credit : Myanmar National League ' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။