ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် စက်မှု၊ လက်မှု နည်းပညာများ ဗိသုကာ ပညာရပ်များဖြင့် တည်ဆောက်ထားတဲ့ လမ်းတံတာများ၊ မိုးမျှော် အဆောက်အအုံးများက အံ့သြကုန်နိုင်ဖွယ်ပင် ရှိနေပါတော့တယ်....။ ယနေ့ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင်သာမြင်တွေ့ရမယ့် ဖြစ်နိုင်ဖွယ်မရှိသည်ဟု ထင်မှတ်ရလောက်အောင် စိတ်လှုပ်ရှားဖွယ် ဗိသုကာလက်ရာများထဲမှ မိုးမျှော် အဆောက်အအုံတစ်ခုဖြစ်တဲ့ "Capital Gate" အကြောင်းကို ဒီတစ်ပါတ် အထွေထွေဗဟုသုတ ကဏ္ဍမှ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်....။

photo credit pngtree

"Capital Gate, Abu Dhabi,UAE" - အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (UAE) မြို့တော် အဘူဒါဘီတွင် တည်ရှိသည့် မြို့ဝင်ပေါက်ဟု အမည်ပေး ထားသည့် အဆောက်အဦးသည် အီတလီ နိုင်ငံရှိ ပီစာ မျှော်စင်ထက်ပို၍ တိမ်းစောင်းလျက်ရှိပါတယ်...။ အဘူဒါဘီ အမျိုးသားပြတိုက် ဗဟိုဌာနနှင့် ဘေးချင်းကပ် တည်ရှိနေသော ယင်းအဆောက်အအုံသည် အထပ်၃၅ ထပ်ရှိကာ ပေ၅၂၀ မြင့်မားသော မိုးမျှော်အဆောက်အဦးတစ်ခုဖြစ်ကာ တိမ်းစောင်းနေသည့် ပုံစံ ဆောက်လုပ်ထားပါတယ်...။ ယင်းအဆောက်အဦးသည် ၁၈ ဒီဂရီ တိမ်းစောင်းနေပြီး အဘူဒါမြို့၏ အမြင့်ဆုံး အဆောက်အဦးလည်း ဖြစ်ပါတယ်...။

photo credit pngtree

"၂၀၁၀" ပြည့်နှစ် ဇွန်လတွင် ကမ္ဘာ့ ဂရင်းနစ် မှတ်တမ်းတင် အဖွဲ့က ယင်းအဆောက်အအုံအား လူများဆောက် လုပ်သော တိမ်းစောင်းနေသည့် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး အဖြစ် မှတ်တမ်းတင်ခဲ့သည်...။ ဂရင်းနစ် မှတ်တမ်းအရ ထိုအဆောက်အအုံသည် ဆာဟုစင် မျှော်စင်(Suurhusen Tower) ထက် လေးဆပိုမို တိမ်းစောင်းနေတာဖြစ်ပါတယ်...။ ကယ်ပီတယ်လ် ဂိတ်သည် လဲပြိုကျမသွားဘဲ ခိုင်မာစွာရပ်တည်နေသည်မှာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်....။ အဆောက်အဦး၏ ၁၈ ဒီဂရီ တိမ်းစောင်း နေမှုအပေါ် ကျရောက်နေသည့် ကမ္ဘာ့ မြေဆွဲအားကို ခံနိုင်ရန် ကြိုတင်အားဖြည့် ကန့်လန်ဖြတ် သံကူ ကွန်ကရစ် အမာထည်ကို အဆောက်အဦး ဗဟိုချက်မှ အနည်းငယ်ခွာ၍ ပြုလုပ်ထားပါတယ်...။ ၎င်းအမာထည် ကွန်ကရစ် ထုကို မြေအောက်သို့ မီတာ ၂၀ မှ ၃၀ အထိရိုက်သွင်းထားသော ပိုင်(pile) အချောင်းရေ ၄၉၀ နှင့် တွဲဆက်ထားခြင်းကြောင့် ကယ်ပီတယ်လ် ဂိတ်သည် တောင့်တင်းခိုင်မာစွာ ရပ်တည်လျက်ရှိပါတယ်....။

source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။