ပရိသတ်ကြီးရေ....ဤကမ္ဘာမြေပေါ်တွင် လူသားတို့စတင် အခြေချနေထိုင်ခဲ့ကြသည့် ကျောက်ခေတ်ကာလမှစ၍ အုပ်စု အချင်းချင်း တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့တာဟာ အခုလက်ရှိအချိန်ထိလို့ ဆိုရမှာပါ...။ လူမျိုးစုအသီးသီး ပေါ်ထွန်းလာသည်နှင့် တစ်ပြိုင်နက် မတူညီတဲ့ ယဉ်ကျေးမှုတွေလည်း တိုးတက်လာခဲ့ရာ တိုက်ခိုက်မှု စစ်ပွဲများလည်း ပိုမိုဖြစ်ပွားခဲ့ပါတယ်...။ လက်နက်များ ပြုလုပ်လာနိုင်ကြချိန်တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်အုပ်စုနှင့် တစ်အုပ်စု လက်နက်များကို အသုံးပြုကာ စစ်ပွဲများ ဆင်နွှဲခဲ့ကြပါတယ်...။ ခရစ်တော် မပေါ်မီကပင် လူတို့သည် တိုက်ပွဲများကို အဆက်မပြတ် ဆင်နွှဲခဲ့ကြလေရာ တိုက်ပွဲ မဖြစ်သောနှစ်၊ တိုက်ပွဲတစ်ခုခု မစတင်သော နှစ်ဟူ၍ မရှိခဲ့ပါဖူး...။

photo credit pngtree

အချို့သော စစ်ပွဲများသည် ကာလရှည်ကြာစွာ ဖြစ်ပွားကြသဖြင့် လူအများအပြား သေကျေ ပျက်စီးကြရပါတယ်...။ သို့သော် လည်း အလွန်တိုတောင်းသော အချိန်ကာလအတွင်း ပြီးဆုံးခဲ့သော စစ်ပွဲများလည်းရှိခဲ့ပါတယ်...။ သက္ကရာဇ် (၁၈၀၀) ပြည့် နှစ် နောက် ပိုင်းတွင်ဖြစ်ပွားခဲ့သော စစ်ပွဲများအနက် အတိုတောင်းဆုံးစစ်ပွဲများကို သမိုင်းသုတေသီတို့က မှတ်တမ်းပြုခဲ့ပါတယ်...။ သို့သော် ထိုစာရင်းမှတ်တမ်းတွင် လွတ်လပ်ရေးကြိုးပမ်းမှု စစ်ပွဲများ၊ ပထမကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကိုတော့ မထည့်သွင်းခဲ့ပါဖူး....။

photo credit pngtree

ကမ္ဘာကျော် ဖောက်ကလန်စစ်ပွဲ (Falklands War) - အာဂျင်တီးနားနှင့်ဗြိတိသျှတို့သည် အငြင်းပွားနေသော ဖောက်ကလန်ကျွန်းနှင့် ပတ်သက်၍ ကမ္ဘာကျော် စစ်ပွဲ တစ်ရပ်ကို ၁၉၈၂ ခုနှစ်က ဆင်နွှဲခဲ့ကြပါတယ်...။ ဂျော်ဂျီယာ တောင်ပိုင်း နှင့် ဆန်းဝစ်ချ် တောင်ပိုင်းရှိ ဖော်ကလန်ကျွန်းသည်ကျွန်းမကြီး နှစ်ခုနှင့် ကျွန်းငယ်များစွာဖြင့်ဖွဲ့စည်းထားကာ တောင် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း အာဂျင်တီးနားနိုင်ငံ၏ အရှေ့ဘက်တွင် တည်ရှိပါတယ်....။ ကျွန်းပိုင်ဆိုင်မှုကို အာဂျင်တီးနားနှင့် ဗြိတိန်တို့ ကာလကြာရှည်ကတည်းကပင် အငြင်းပွားနေခဲ့ကြပြီး ၁၉၈၂ ခုနှစ် မတ်လ(၁၉) ရက် တွင် အာဂျင်တီးနားတို့က ဂျော်ဂျီယာ တောင်ပိုင်းကို သိမ်းယူပြီး ဖောက်ကလန်ကျွန်းကိုပါ ဆက်လက် သိမ်းယူရာမှ စစ်ပွဲ စတင် ဖြစ်ပွားခဲ့ပါတယ်...။ ၁၉၈၂ ခုနှစ် ဇွန်လ(၁၄)ရက်နေ့တွင် စစ်ပွဲကို အာဂျင်တီးနားတို့ အရှုံးပေးကာ အဆုံးသတ်ခဲ့သော်လည်း မည်သည့် ဘက်ကမှ စစ်ပွဲကို စတင်ကြေညာခဲ့ကြခြင်း မပြုဘဲ တိုက်ခိုက်ခဲ့ကြသော စစ်ပွဲတို တစ်ခုဖြစ်ခဲ့ပါတယ်...။ အာဂျင်တီးနားတို့က မိမိတို့ပိုင်နယ်မြေကို ပြန်လည်သိမ်းယူသည်ဟု သဘောထားကြသော်လည်း ဗြိတိသျှတို့ကမူ ယင်းတို့ ပိုင် ကမ်းလွန် နယ်မြေကို အာဂျင်တီးနားတို့က ကျူးကျော်သည်ဟု ယူဆခဲ့ကြပါတယ်...။ စစ်ပွဲကြောင့် နိုင်ငံရေးအကျိုး သက်ရောက် မှုများသည် နှစ်ဘက်လုံးတွင် ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပါတယ်...။ နှစ်နိုင်ငံလုံးတွင် မျိုးချစ်စိတ်ဓာတ်များ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ကြပါတယ်...။အာဂျင်တီးနားတွင် ပြည်သူအများ စစ်အစိုးရအား ကြီးမားသော ဆန့်ကျင်မှုများ ဖြစ်ပွားခဲ့ပါတယ်...။ ဗြိတိန်နိုင်ငံတွင် မာဂရက်သက်ချာ အစိုးရအား ထောက်ခံမှုများမြင့်တက်လာခဲ့ပြီး ၁၉၈၃ ခုနှစ်ရွေးကောက်ပွဲတွင် မာဂရက်သက်ချာ အစိုးရ ထပ်မံ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးအတွက် အချိန်အတိုဆုံး စစ်ပွဲများထဲကမှ " ဖောက်ကလန်စစ်ပွဲ" အကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးလိုက်ပါတယ်...။

Source မောင်သာ( ရှေးဟောင်းသုတေသန)

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။