ရန်ကုန်ယူနိုက်တက်အသင်းသည် လာမည့် ၂၀၂၀ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဇွဲကပင်ယူနိုက်တက်အသင်းမှ ကွင်းလယ်ကစားသမား မောင်မောင်ဝင်းကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။မောင်မောင်ဝင်းက ပဏာမအဆင့် မြန်မာ့လက်ရွေးစင်အသင်းတွင် အကြိမ်ကြိမ်ရွေးချယ်ခံခဲ့ပြီး မြန်မာ့လက်ရွေးစင် ကစားသမားအဖြစ် ၂၀၁၈ ခုနှစ်တွင် ပါဝင်ခဲ့ပါတယ်။

photo credit: yangon united 's facebook
photo credit: yangon united 's facebook

မောင်မောင်ဝင်းက "ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းဖြစ်တာက အသင်းကလည်း ကမ်းလှမ်းလာတဲ့အပြင် ကျွန်တော်ရဲ့ကစားပုံတွေလည်း အရင်ထက်ပိုကောင်းလာမယ်၊ ကစားသမားဘဝလည်း ဒီထက်မက ပိုကောင်းလာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဒီအသင်းကို ပြောင်းဖြစ်တာပါ။" ဟုပြောကြားခဲ့ပါတယ်။

photo credit: yangon united 's facebook
photo credit: yangon united 's facebook

ရန်ကုန်ယူနိုက်တက်အသင်းသို့ ရောက်ရှိလာသည့်အတွက် မောင်မောင်ဝင်း က "ရန်ကုန်အသင်းကို ရောက်ရှိလာတဲ့အတွက် အရမ်းကိုပျော်ရွှင်မိပါတယ်။ ကျွန်တော်ကို အားပးနေကြတဲ့ ပရိသတ်တွေရော ဒီထက်မက ပိုပြီးအားပေးကြပါဦးလို့ပြောချင်ပါတယ်။ ကျွန်တော့်ဘက်ကလည်း ပရိသတ်တွေအတွက် အစွမ်းကုန် ကြိုးစားပေးသွားပါမယ်လို့ ပြောချင်ပါတယ်" ဟု ဝမ်းသာစကားဆိုခဲ့ပါတယ်။

source: yangon united 's facebook 

photo credit: yangon united 's facebook
photo credit: yangon united 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။