သမ္မတရော်နယ်ရီဂင်က အိမ်ဖြူတော်တွင် သူကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးသော တစ္ဆေ၊သရဲများအကြောင်းကို ပြောပြခဲ့ပြီး နောက်ပိုင်းတွင် "Ladies' Home Journal"မှာ ဖော်ပြခဲ့ပါတယ်...။ ထိုဖော်ပြပါ အကြောင်းအရာများထဲမှ နတ်မိစ္ဆာကြောင်အကြောင်းနှင့် အိမ်ဖြူတော်အတွင်း ခြောက်ခြားဖွယ် ဖြစ်ရပ်ဆန်းများအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။ 

photo credit pngtree

အိမ်ဖြူတော်၏ မြေတိုက်ခန်းတွင် နတ်မိစ္ဆာကြောင်တစ်ကောင်ရှိသည်ဟုဆိုကြပါတယ်...။ ယင်းကြောင်ကို အလွန်မြင်ရခဲပြီး သူ့ကိုမြင်ရပြီဆိုလျှင် ဘေးအန္တရာယ်ဆိုး ကြီးတစ်ခုခုကို မကြာမီရင်ဆိုင်ရတော့မည်ဟု ကြိုတင်ပြောသည်နှင့် အတူတူပင်ဖြစ်ပါတယ်...။ အိမ်ဖြူတော်မှ လုံခြုံရေး ဝန်ထမ်းတစ်ဦးက ၁၉၂၉ ခုနှစ် စတော့ရှယ်ယာ ဈေးကွက်မပြိုလဲမီ တစ်ပတ်ခန့်တွင် ထိုကြောင် ကိုမြင်ခဲ့ရပါတယ်...။

photo credit pngtree

ထို့အတူပင် ၁၉၆၃ ခုနှစ်က သမ္မတ ကနေဒီ လုပ်ကြံခြင်း မခံရမီ ရက်အနည်းငယ်တွင် အဆိုပါကြောင်ကို မြင်တွေ့ခဲ့ကြရသည်ဟုဆိုပါတယ်...။ အိမ်ဖြူတော်၌ တစ္ဆေကြီးလင်ကွန်း၊ နတ်မိစ္ဆာကြောင် အပြင် အခြား နာနာဘာဝတို့လည်းရှိနေပါသေးတယ်...။ အမေရိကန် သမ္မတတစ်ဦးဖြစ်ခဲ့သည့် "James Madison"၏ ဇနီး "Dolley Madison" ကိုလည်း အိမ်ဖြူတော်ဝင်းအတွင်း အပင်များ စိုက်ပျိုးသော နှင်းဆီဥယျာဉ်တွင် မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်....။

source မောင်သာ(ရှေးဟောင်းသုတေသန)

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။