မြန်မာ့လက်ရွေးစင် အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် ကာဂျစ်စတန် အသင်းနှင့် ယှဉ်ပြိုင် ကစားရန်အတွက် အောက်တိုဘာ ၆ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကာဂျစ်စတန်နိုင်ငံသို့ ထွက်ခွာ သွားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။

photo credit : MFF' s facebook
photo credit : MFF' s facebook

မြန်မာ့လက်ရွေးစင် အသင်းသည် ကာဂျစ်စတန်အသင်းနှင့် အောက်တိုဘာ ၁၀ ရက် တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။ မြန်မာအသင်းရဲ့ လူစာရင်းမှာတော့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေများစွာ ပါဝင်နေတာပဲ ဖြစ်ပြီး အဆိုပါစာရင်းတွင်တိုက်စစ်မှူး ကျော်ကိုကိုနှင့် ကွင်းလယ်ကစားသမား မောင်မောင်လွင်တို့မှာ ဒူးဒဏ်ရာများကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

photo credit : MFF' s facebook
photo credit : MFF' s facebook

ကျော်ကျော်ကိုဟာ ဒဏ်ရာဟောင်းဖြစ်သော ဒူးဒဏ်ရာကို ပြန်လည် ရရှိခဲ့ခြင်းဖြစ်ပြီး မောင်မောင်လွင်ကတော့ ဒူးအရွတ်ဒဏ်ရာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အဓိကကစားသမားတွေဖြစ်ကြတဲ့ အောင်သူ စည်သူအောင် ဇင်မင်းထွန်း လှိုင်းဘိုဘို သန်းပိုင် နန္ဒာကျော် ရန်အောင်ကျော်စတဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ ကာဂျစ်စတန်အသင်းကို သွားရောက် ယှဉ်ပြိုင်ကစားမှာပဲ ဖြစ်ပါတယ်။

source: MFF' s facebook  

photo credit : MFF' s facebook
photo credit : MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။