အောင်မြင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂွမ်းပုံကြီးကတော့ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ အနပညာလှုပ်ရှားမှုနဲ့ ပက်သက်ပြီး " ဘာမှမရိုက်ဖြစ်သေးဘဲနဲ့ ဇာတ်လမ်းတွဲအကျန်လေးတွေ ရိုက်ပေးဖြစ်တယ် daily လေးတစ်ရက်နှစ်ရက်လောက် ရိုက်ဖြစ်တယ် " ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit : myanmar load tv
photo credit : myanmar load tv

သူမကတော့ " အမျိုးသားက လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်းက အလုပ်မလုပ်နိုင်တော့ဘူးလေ အဲ့တော့ သူ့ကိုလဲ ဘာမှမလုပ်ခိုင်းတော့ဘူး ကားလဲ မမောင်းခိုင်းတော့ဘူး တစ်ရက် တစ်သောင်းခွဲက ဈေးဖိုး နဲ့ ဆေးဖိုးနဲ့ ကုန်တယ် အန်တီကလဲ ဆေးကုရတယ်ဆိုတော့ မလောက်ဘူး " ဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit : myanmar load tv
photo credit : myanmar load tv

သူမကတော့ " အားလုံးက ခက်ခဲနေတဲ့ အချိန် အန်တီတို့က တော်သေးတာပေါ့ သူများအခက်အခဲတွေကို ကူညီနိုင်သလောက် ကူညီပါတယ် လုပ်အားပေးနိုင်သလောက်လဲ ပေးပါတယ် " ဆိုပြီး ပြောထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဂွမ်းပုံကြီးရဲ့ ဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

source: myanmar load tv 

photo credit : myanmar load tv
photo credit : myanmar load tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။